EPISODE 6

136 22 7
                                    

တကယ်ဆိုရင်.... တကယ်သာဆိုရင် !

ဟုတ်တယ် ၊ မောင်က သူ့ကို အရုပ်တစ်ရုပ်လိုပဲသဘောထားခဲ့တာ ၊ အမြဲတမ်း အနားမှာခေါ်ပီး ကစားခဲ့တာ ၊

သူကလည်း ဒါကိုယုံစားပီး ဘဝကြီးတစ်ခုလုံးကိုပုံအောပေးခဲ့တာ ။

မဟုတ်ဘူး မလား ၊ ကျန်တာတွေအကုန် ငါခွင့်လွတ်ပေးခဲ့ပေမဲ့ ဖောက်ပြန်တာကိုတော့ မရဘူးဟွမ် ၊ လုံးဝမရစေရဘူး ၊

မောင် ! မင်းက ငါ့အတွက် ၊ အမြဲငါ့အပိုင် ။

ညနေစောင်းတော့ ကလပ်တစ်ခုမှာ ဟွမ်အား သူငယ်ချင်းတွေရဲ့ ပြောစကားကို နားမထောင်ပါပဲ အပြင်းဆုံးအရက်အမျိုးအစားကိုယူ၍ သောက်လေသည်။

ထိုမြင်ကွင်းပိုမြင်နေရတဲ‌ကောင်လေးဟာ အဝေးကနေ ကြည့်ပီး မျက်ခုံးတစ်ဖက်တွန့်ချိုးသည်။

မင်းဆိုတဲ့ ဆိုးဂျောင်ဟွမ်က အမြဲငါ့အပိုင်ဖြစ်ရမှာ ....

မင်းဖောက်ပြန်တဲ့သူကလည်း အနည်းဆုံးတော့ ငါပဲဖြစ်ရမယ်မလား ။

နှုတ်ခမ်းတွန့်ချိုးကာ‌ပြုံးလိုက်ရင်း ‌အရှေ့သို့ ခြေလှမ်းတွေဟာ မြန်စွာလျှောက်လှမ်းလာသည်။

ယိုရှီက မာနကိုခဝါချ ၊ အတ္တကို ရှေ့တန်းတင် ၊ တစ်ကိုယ်ကောင်းဆန်တာ အသာထားလိုက်စမ်းပါ ။

အချစ်ကိုရဖို့က အဓိကမလို့ ငါရူးမိုက်နေတာဟွမ်

ဟုတ်တယ် ၊ မင်းသိသွားရင် မုန်းသွားနိုင်တဲ့အထိ ငါရူးမိုက်ပြမယ် ။

မင်း နုံအ ပါတယ်လို့ထင်ထားတဲ့ငါက အဲ့သလိုလူစားမျိုးပဲ ဟွမ် !

" ဟွမ် "

Bar tender နားသို့ ချိုအီသောအသံဖြင့်စတင်ကပ်လာသူမှာ ယိုရှီပင် ။

ရီဝေသောအကြည့်နဲ့ ယိုရှီ့အားကြည့်နေသော အကြည့်တွေဟာ မရပ်တန့်နိုင်။

စောင်းငဲ့ကာ မျက်နှာထားမျိုးနဲ့ မျက်ဝန်းအစုံလိုက်ကိုညို့ယူနေသောယိုရှီ ၊ ထိုသူရဲ့မျက်နှာပေါ်သို့ နွေးထွေးသောလက်တစ်စုံဟာ ကျရောက်လာပီး ပွတ်ပေးနေမိသည်။

ထိုအခါ ယိုရှီ့မျက်နှာကို ရမ္မက်ခိုးဝေနေသည့် အကြည့်များက ချက်ချင်း သက်ရောက်လာတော့သည်။

𝗟𝗢𝗦𝗘𝗥 ~ 𝗟𝗢𝗩𝗘𝗥  ( Complete )Where stories live. Discover now