မိုးပေါက်မိုးစက်တို့ တလွင့်လွင့်ခုန်ဆင်းလာသော မြေပြင်လွှာအထက်ဝယ် မိုးရနံ့များ သင်းပျံ့လျက် ။
ဝါဆိုအလှ ဖော်ကာပြရော ဆေးသားထူစွာ ပန်းချီထက်ဝယ် မိုး၏ရာသီ စာမမှီအံ့ဟုပင် မိုးရာသီ၏အလှကို ထောပနာပြုရင်းစကာချီလိုက်သည် ။
" သတိရနေလား လီဆာ "
" တစ်ရက်မှ မေ့မထားခဲ့ပါဘူး "
" မေ့မရခဲ့တာလား လီဆာ "
" မမေ့ထားခဲ့တာပါ "
ခပ်ေဆွးဆွေးဖြေလာသော လီဆာ့ရဲ့အဖြေစကားကြောင့် ချယ်ယောင်းလဲ သူ့ဘေးနားက ခုံတန်း အလွတ်လေးမှာဝင်ထိုင်လိုက်တယ် ။
" လီဆာ နင်လဲ ဝဋ်ကြွေးပဲ "
ချယ်ယောင်းက ထိုသို့ပြောတော့ လီဆာဟာ ခပ်ရဲ့ရဲ့ပြုဲးသည် ။
" သူက ငါ့တွက် ဝဋ်ကြွေးလို့ထင်မြင်နေရင်တောင် အလှဆုံးဝဋ်ကြွေးဖြစ်နေမှာပဲချယ်ယောင်း "
မိုးကောင်းတဲ့ရာသီမို့ ကော်ဖီခွက်ကိုယ်စီကိုင်ရင်း မှန်လုံပန်းခြံလေးထဲမှာ နှစ်ယောက်သား အဆွေးဓာတ်တွေတိုးယှက်လို့နေတော့တယ် ။
" ချယ် "
မှန်ပြတင်းတံခါးလေးကို အသာတိုးဖွင့်ရင်း ဥယျာဉ်ထဲကို ရောက်လာတဲ့သူအား လှည့်မကြည့်ပေမယ့်လည်း မည်သူမည်ဝါလဲဆိုတာ သူတို့နှစ်ယောက်လုံး အတပ်သိသည် ။
" ဆူးယ လာထိုင်လေ "
" မထိုင်တော့ဘူး ချယ် ၊ ပြခန်းကအလုပ်တွေ အကုန်ရှင်းခဲ့ပြီဆိုတာကို လာပြောပြတာ ၊ ဆူးလဲ အလုပ်တွေပြီးပြီဆိုတော့ အမေ့အတွက်စားစရာလေးဝယ်ရင်း အိမ်ပြန်နားတော့မလို့လေ "
" ချယ်ယောင်း နင်လိုက်ပို့ပေးလိုက်လေ ၊ အွန်နီးလဲ ညနေမှောင်ရီပျိုးကြီး တစ်ယောက်တည်းဖြစ်နေရတာမလား ၊ ချယ်လည်း အိမ်ပြန်တော့မှာပဲဟာကို သူ့ကိုလိုက်ပို့ခိုင်းလိုက် "
တစ်ယောက်တည်းနေချင်သော လီဆာနှင့် သူငယ်ချင်းကိုစိတ်မချသော ချယ်တို့အကြောင်းသိလေတော့ ဂျီဆူး ခပ်ရေးရေးပြုံးလိုက်သည်။
" နင်ငါ့ကို ပ,မထုတ်နဲ့နော် လီဆာ ၊ နင်ဘာတွေကြံနေလဲငါသိတယ် "
YOU ARE READING
ချစ်လှစွာသော ကြယ်တာရာ
Randomပြေးလေ ပြေးလေ ဝေးလေလေပဲမို့ ၊ ပေါင်းဖက်ခြင်း ခွဲခွာခြင်းတွေဟာ ခြေလှမ်းတွေအပေါ်မှာပဲ မူတည်တယ် ။ ကံကြမ္မာနှင့် လားလားမျှမသက်ဆိုင်အပ် ။