7

373 29 4
                                    

ကြယ်တွေမစုံလင်ခြင်းဟာ ထပ်မံစုံစည်းဖို့ လမ်းစတွေပျောက်နေသလိုပင် ၊ ဘယ််သွားရလို့ ဘယ်လာရမှန်းမသိတဲ့ ဂျစ်ပစီတစ်ယောက်လမ်းပျောက်နေသကဲ့သို့ပင်တူနေသေးသည် ။“ ဂျန်းနီကင်မ်တို့များဆိုးရွားလိုက်တာ ဘယ်ချိန်ဘယ်ခါတွေထိများ ငါ့ကို အတွေးတွေထဲထိ လိုက်စွက်ဖက်နေဦးမှာလဲမသိဘူး “

လက်ထဲတွင် dunhill cigarettes တစ်လိပ်ကိုညှပ်လျက် ကြယ်တာရာကင်းမဲ့နေသော ကောင်းကင်ယံတစ်ခုကသာ လီဆာ့တွက်စကားပြောဖော်ရာ ။

“ ဘယ်သူမှလဲမရှိပါဘူး “

လီဆာတစ်ယောက်အခန်းဝရံတာမှာ ဆေးလိပ်သောက်နေတုန်း အောက်ကနေ သစ်ပင်အကွယ်မှ မိမိအားကြည့်နေသောလူရိပ်ကို မြင်လိုက်ရ၍ အောက်ထိဆင်းလာခြင်းဖြစ်သည် ။

“ သ သရဲလားမသိဘူး ၊ အိမ်ပေါ်ကကြည့်လို့ရရဲ့သားနဲ့ကို ဆင်းလာမိတာမှားတာပဲ “

ပွစိပွစိရေရွတ်ရင်း ခြေလှမ်းတွေဟာလဲ ဓာတ်လှေကားဆီပြန်ပြေးနေသည် ။

“ အားးးးး ဘာမှမလုပ်ပါဘူး လွတ်ရာကျွတ်ရာမှာနေပါ လွှတ်လွှတ် “

လီဆာတစ်ယောက် ကြောက်ကန်ကန်ငြင်း၍ အသံကုန်ဟစ်ကာအော်လိုက်သည် ။

“ တအားလန့်သွားလား လီဆာ ၊ တို့ပါ “

အသံကြားတော့မှလီဆာတစ်ယောက်ကြောက်ကန်ကန်ထားတဲ့ မျက်လုံးတို့ကိုအားယူကာဖွင့်လိုက်သည် ။

“ အာာ အွန်နီးးးး ၊ အွန်နီးလုပ်တာ ညီမသေတော့မလို့ “

တကယ်ကိုမထင်မှတ်ထားသူကြီး ကင်မ်ဂျီဆူးပါ ။

“ တို့လည်းဒီနားကိုလမ်းကြုံတာနဲ့ ဝင်လာလိုက်တာ ၊ မင်းတို့ကလေးနှစ်ယောက်ထဲ တော်ရုံဘာမှချက်စားဖြစ်မှာမဟုတ်ဖူးမဟုတ်လား ၊ အွန်နီးအရံဟင်းလေးတွေချက်လာပေးတယ္ “

“ ကျေးဇူးပါအွန်နီးရယ် ညီမတို့က အဲ့လောက်မချက်တတ်တော့ ဆိုင်ကအစားသောက်တွေပဲစားနေရတာ “

ပြုံးနေတဲ့ လီဆာ့ကို ဂျီဆူးလဲပြန်ပြုံးရင်းကြည့်လိုက်သည် ။

“ အွန်နီး ညကြီးအချိန်မတော် ပတ်ချယ်ယောင်းကိုလာချောင်းတာမလား “

ချစ်လှစွာသော ကြယ်တာရာWhere stories live. Discover now