မနက်ခင်းရောက်ရောက်ချင်း အားတင်း၍ပင် မထူချင်သောခေါင်းတို့ကို ထုရိုက်လိုက်ရင်း ကုတင်ထက်က ခြေချလိုက်သည် ၊ ကြမ်းပြင်ခင်းကိုနင်းလိုက်သည်နှင့် ကြမ်းပြင်မှ အေးစက်လှသော အထိအတွေ့ကိုခံစားမိသည် ၊ ထိုနည်းတူ လီဆာ့မျက်နှာမှာလည်း ထိုကြမ်းပြင်အအေးထက် ပို၍ခက်ထန်သော မာန်တို့ရှိနေသည် ။
“ ဘာမှမဟုတ်တဲ့ အတွေးတွေနဲ့ ဒီလိုရက်တွေထပ်ပြီး ဖြတ်သန်းရဦးမယ် ၊ မပြီးပြတ်သေးတဲ့ကိစ္စတွေလဲအများကြီးဖြတ်ဖို့ကျန်နေသေးတယ် “
မှန်ထဲပြန်ကြည့်ရင်း ဆံပင်တွေကို ပွတ်သပ်တင်လိုက်ရင်း ရေရွတ်မိနေသည် ။
“ လီဆာ မနက်စာတောင်မစားတော့ဘူးလား “
ဆိုင်ကယ်ဦးထုပ်ဆွဲကာ ထွက်လာသောလီဆာ့အား ချယ်ယောင်း မနက်စာပြင်နေရာမှ လှမ်းကာ မေးလိုက်မိသည် ။
“ မစားတော့ဘူး ချယ်ယောင်း ၊ ငါ အိုမားဆီသွားမို့ နဲနဲလေးစကားပြောပြီး မေးစရာလေးတွေရှိနေတယ်ငါထင်လို့ “
တကယ်တမ်းလီဆာ့ပုံကို ကြည့်ရင်း ချယ်ယောင်းလန့်နေသည် ၊ ဂျန်းနီနှင့်တစ်ခုခုဆိုတာသိပေမဲ့ ခုက သူ့အိုမားနဲ့ပါ ဘာတွေပတ်သတ်လာကြပြန်ပြီလဲမသိပါ ၊ ကိုယ့်ကိစ္စမဟုတ်တော့ ဒီလို မိသားစုရေးကြားက ဝင်ပါကောင်းတဲ့အရာမဟုတ်လို့ ဘေးရှောင်နေဖိုစိတ်ကူးလိုက်သည် ။
“ ဂျိန်း “
အိမ်ရှေ့တံခါး ပိတ်သံကြားမှ သူသတိပြန်ဝင်လာပြီး မျက်စိရှေ့က လီဆာပျောက်သွားတာ သတိထားလိုက်မိသည် ။
ဆိုးလ်မြို့လယ်ခေါင် လမ်းမတစ်လျှောက်၌ ဆိုင်ကယ်တစ်စီးသည် သူ့ဦးတည်ရာသို့ တစိုက်မတ်မတ်ဦးတည်ကာ အပြင်းမောင်းနှင်နေသည် ၊ ဒိုမြောင်ဂျွန်း အိမ်ရာဝန်းထဲ အရှိန်ပြင်းကာမောင်းနှင်လာမိပြီး အိမ်နံပတ် 7 ၊ အရောင်ဖိတ်ဖိတ်တောက်လျက်ရှိသော တံခါးကြီးရှေ့၌ ထိုးကာရပ်သွားရင်း ဟွန်းကိုအသားကုန်ဖိကာတီးတော့သည် ။
ဆိုင်ကယ်ပိုင်ရှင်ကြောင့် ခြံရှေ့က အလုပ်သမားတွေလဲ ပျာယာခက်လျက်ပင် ၊ အလျင်လိုလျှင် ကြန့်ကြာတတ်သည်မှာ အမှန်ပင်မဟုတ်ဖူးလား ခြံတံခါးသော့ကိုဖွင့်ရာတွင် ဖွင့်၍မရဘဲ သော့ချော်နေခြင်းဖြစ်သည် ။
YOU ARE READING
ချစ်လှစွာသော ကြယ်တာရာ
Randomပြေးလေ ပြေးလေ ဝေးလေလေပဲမို့ ၊ ပေါင်းဖက်ခြင်း ခွဲခွာခြင်းတွေဟာ ခြေလှမ်းတွေအပေါ်မှာပဲ မူတည်တယ် ။ ကံကြမ္မာနှင့် လားလားမျှမသက်ဆိုင်အပ် ။