5

229 31 6
                                    

“ လီဆာ နင်ပွဲထဲမှာတစ်‌ယောက်ယောက်ကိူများရှာနေတာလား ၊ ဘယ်သူ့ကိုဖိတ်ထားသေးလိူ့လဲ လီဆာ “

“ မရှာပါဘူး ချယ်ယောင်းရဲ့ နင်စိတ်ထင်နတာနေမှာပါ “

ဟန်ပျက်နေသော ကိုယ့်ကိုကိုယ် ချယ်ယောင်းမရိပ်မိအောင်ပြန်၍ အရှိန်သတ်လိုက်ရသည် ၊ အမှန်တိုင်းပြောရရင်ပါ်ပေါ်လာပြီး ပြန်ပျောက်သွားတတ်သော ဂျန်းနီကင်မ်က တကယ်စိတ်တိုချင်စရာကောင်းလှသည် ။

တစ်ဖက်က ဂျန်းနီဘက်တွင်လည်း လီဆာ့ကို ချယ်ယောင်းနှင့်သဝန်တိုရလွန်း၍ ဘာတွေဆက်လုပ်ရမလဲဆိုတာကိုလဲ ဂျန်းနီမသိနိုင်ပဲဖြစ်နေရသည် ။

“ သူတို့ကဘာတွေမို့ အဲ့တစ်ယောက်က ငါ့ကိုလာပြီး လီဆာ့နားမှာမတွေ့ချင်ဘူးပြောရတာလဲ ၊ သူတို့နှစ်ယောက်ကတကယ်ပြ တစ်ခုခုတွေလား ၊ အာ.. ခေါင်းရှုပ်လိုက်တာလီဆာရာ မင်းလေးကိုပူရတာတကယ်ပဲ “

တကယ်အတွေးတွေလွန်နေရတာမို့ ဂျန်းနီ ဒီတစ်လောဘယ်ကိုမှ မသွားချင်ပါ ၊ သို့ပေမဲ့ မာတာမိခင်၏ ဒိနေ့မလိုက်လျှငိနောက်န့ ဘယ်အပင်ကိုမှ မလွှတ်ပါဟူသော တစ်ချက်လွှတ်အမိန့်ကြောင့် မလိုက်ချင်ပေမဲ့လဲကော်ဖီသွားသောက်မည်ဆိုသော မေမေ့သွေးမတော်သားလေးခေါ်လာသော ကော်ဖီဆိုင်ကိုလိုက်လာခဲ့ရသည် ။

ကော်ဖီဆိုင်ထဲဝင်လိုက်တာနဲ့ ဆိုင်လေးကသပ်သပ်ရပ်ရပ်လေးမို့ စိတ်ထဲတောင်နဲနဲ အေးအေးချမ်းချမ်းဖြစ်သွားရသည် ၊ ‌မအေးချမ်းတာက ဆိုင်ရှေ့က မြင်ကွင်းပင် ကော်ဖိဆိုင်ရှေ့တည့်တည့်၌ ထိုင်းရိုးရာစားသောက်ဆိုင်ရှိသည် ၊ ထိုဆိုင်မှာ အတူတူ ဝိုင်းဖွဲ့ထိုင်ရင်းစကားပြောနေသော လီဆာနှင့်အတူ ဟိုနေ့ကကောင်မလေး ။

ဂျန်းနီ၏ရင်ထဲ၌ အမျိုးမည်မသိသော နာကျင်မှုကြီးက ဖြတ်ပြေးသွားသည် ၊ တကယ်ကိုပင် သူမလီဆာကိုမဆုံးရှုံးချင်ပါ စိတ်၏တွန်းအားပေးမှုနှင့်ပဲ ဂျန်းနီ အရာရာကိုမ့လျက် ထိုစားသောက်ဆိုင်ဝိုင်းလေးဆီကိုထသွားလိုက်သည် ။

“ လီဆာ “

‌မော့ကြည့်လာသော မျက်ဝန်းအစုံမှာ အံ့သြမှုက အထင်းသား ၊ တို့ကိုမြင်တာ အဲ့လောက်တာင်လန့်သါားဖို့လို လို့လား ကလေးငယ်ရယ် ။

ချစ်လှစွာသော ကြယ်တာရာWhere stories live. Discover now