p - 6

70 6 0
                                    

Unicode..

နွေသည် နှုတ်ကိုသော်လည်းကောင်း၊ကိုယ်အမူအယာကိုလည်းကောင်းစောင့်ထိန်းပြီး နေထိုင်ခဲ့သည်။အရာရာအဆင်ပြေချောမွေ့ခဲ့ပြီ ထင်ခဲ့သော်လည်း နွေ အသက်ဆယ့်ရှစ်နှစ်သို့ ရောက်လာသည့်အခါ..
နွေ၏ သူငယ်ချင်းမလေးအပေါ် မေတ္တာသက်ဝင်မိလေသည်။ ဆယ်ကျော်သက်အရွယ် ခံစားချက်တွေကို မချုပ်ထိန်းနိုင်စွာ ဖွင့်ပြောမိခဲ့သည်။ထိုအချိန်တွင် သူငယ်ချင်းမလေး၏ ရွံရှာသလို  ဆက်ဆံခံရပြီး နွေ၏ မိဘတွေပါ သိကုန်သည်။
အရာရာမဖွံ့ဖြိုးသေးသော ခေတ်ဖြစ်သည့်အတွက် သူ(မ)၏ အချစ်တွေသည် အသိအမှတ်ပြုခြင်းမခံရရုံသာမက ပျက်ရယ်ပင်ပြုခံရလေသည်။
နွေ၏ အမေသည်လည်း အဲစိတ်နှင့်ပင် အိပ်ယာထဲဘုန်းဘုန်းလဲတော့သည်။အဖသည်လည်း အလွန်အမင်း စိတ်ဆိုးပြီး နွေကို စကားမပြောပေ။ထို့နောက်မှစ၍ နွေသည် တစ်ယောက်တည်း အထီးကျန်စွာနှင့် နေခဲ့ရသည်။
အပေါင်းအသင်းလည်း မရှိတော့သလို၊ ဘယ်သူကိုမှလဲ
ထပ်မချစ်တော့ပေ။အသက် ၂၅နှစ်အရွယ်မှာပင် မိဘနှစ်ပါးစလုံး ဆုံးပါးသွားသဖြင့် ကျန်ရှိခဲ့သော အမွေတို့ကို ထိန်းသိမ်းခဲ့ပြီး tourist လုပ်ခဲ့သည်။

...

နွေ အတွေးတွေကြားရစ်ဝဲနေရင်း ပါးပေါ်က မျက်ရည်တွေပင် ခြောက်ကပ်စပြုနေပြီ။မျက်နှာကို လက်နှစ်ဖက်နှင့် ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ပြီး နားထင်နှစ်ဖက်ကို လက်နှင့် ဖိကပ်ထားလိုက်သည်။အတိတ်တွေကြားက ရုန်းထွက်ချင်ပင်မယ့် တဝဲလည်လည် ဖြစ်နေတုန်းပင်။
နွေ ခေါင်းကို ခပ်ကြမ်းကြမ်းခါယမ်းလိုက်ပြီး ပြတင်းမှတ‌ဆင့် ခြံထဲကို ကြည့်လိုက်သည်။ညနေခင်း ပုဇွန်ဆီရောင် နေသည် ခြံထဲရှိ နှင်းဆီပန်းနီနီတို့ပေါ် ဖြန့်ကျက်ပြီး အလှဆင်နေသည်။

  ပန်းတွေပဲ လှတာလား..
  ဆည်းဆာကပဲ လှတာလား နွေမခွဲခြားတတ်တော့ပေ။

* ဒေါက်ဒေါက်*

တံခါးခေါက်သံကြား၍ လှည်ကြည့်လိုက်ရာ မိုင်ရိုစ်ဖြစ်နေသည်။မျက်ရည်တို့ရှိသေးမည်အထင်နှင့် မျက်နှာတို့ကို ယောင်ယမ်းပွတ်သပ်လိုက်မိသည်။

" အန်တီ.. မိုင်ရိုစ် ဝင်ခဲ့လို့ရလား.."

နွေမှာ ခေါင်းသာညိတ်ပြလိုက်သည်။မိုင်ရိုစ်က အထဲဝင်လာပြီး ကုတင်ပေါ်ထိုင်သည်ကြောင့် နွေလည်း ထပြီးမိုင်ရိုစ်ဘေးနားသွားထိုင်လိုက်သည်။

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now