p - 8

66 5 0
                                    

Unicode..

နွေ အိပ်ယာက နိုးပြီး မနက်စာ ပြင်ဆင်ပြီးသည်အထိ
မိုင်ရိုစ်သည် အခန်းထဲက ထွက်မလာသေးပေ။စိတ်ပူစ ပြုလာပြီ‌ဖြစ်သော်လည်း အိပ်ယာမနိုးသေးတာပဲ နေမှာပါဟု တွေးရင်း ခြံထဲဆင်းကာ ဘုရားပန်းကပ်ရန်အတွက် နှင်းဆီပန်းတို့ကို ခူးဆွတ်နေလိုက်သည်။ပြန်တက်လာသည်အထိ မိုင်ရိုစ်မှာ မနိုးသေး။နွေလည်း မနေနိုင်တော့သည်နှင့် ခူးပြီးသော နှင်းဆီပန်းအချို့ကို ထမင်းစားပွဲပေါ် တင်ကာ မိုင်ရိုစ်အခန်းကို သွားပြီး တံခါးခေါက်လိုက်သည်။

* ဒေါက် ဒေါက်.."

" မိုင်ရိုစ်... ရိုစ်ရေ"

အချိန်ကြာကြာခေါက်သော်လည်း ထူးမည့်လူမရှိသဖြင့်
သော့အပိုကို သွားယူကာ တံခါးကို လှည့်ဖွင့်လိုက်သည်။

အခန်းထဲရှိ အရာအားလုံးမှာ တိတ်ဆိတ်နေသည်။နွေစိတ်ပူစွာဖြင့် ပြတင်းပေါက်ဘေးရှိ ကုတင်ပေါ်ကို လှမ်းကြည့်လိုက်သည့်အခါ စောင်ကို ကိုယ်လုံးတစ်ဝက် ခြုံထားရင်း ငြိမ်သက်နေ‌သူကို တွေ့ရသည်။အသေအချာကြည့်သည့်အခါ ရင်ဘက်သည် လှုပ်နေသဖြင့် အသက်ရှူနေသည်မှာသေချာသောကြောင့် နွေမှာ သက်ပြင်းချနိုင်တော့သည်။

" ဟူး.. ငါစိုးရိမ်လွန်နေတာပဲ"

ကုတင်ပေါ် တင်မလွှဲဝင်ထိုင်ရင်း ပခုံးကို အသာလှုပ်ရမ်းနှိုးလိုက်သည်။

" အင်းး "

မျက်လုံးတို့ကို ပွတ်သပ်ပြီး မျက်လုံးဖွင့်ကြည့်သည်။

" အန်တီ ဘာလို့လဲဟင်?"

" နောက်ကျနေပြီ မထသေးလို့ စိတ်ပူပြီး လာကြည့်တာ ညက နောက်ကျတယ်နဲ့ တူတယ် နောက်ညတွေ စောစောအိပ်၊မနက်စာပြင်ပြီးပြီ၊ရေချိုးပြီး ဆင်းလာခဲ့ပါ၊ဒီမနက်ဟန်လင်းမြို့ဟောင်းကို သွားမယ်"

နွေမှာ သူပြောချင်ရာ ပြောပြီး ထသွားသဖြင့် မိုင်ရိုစ်မှာ ကြောင်ကြည့်နေမိသည်။စိတ်ထဲတွင်လည်း စမ်းရေလို အေးချမ်းသည့် မျက်နှာလေးနှင့်  ငှက်ကလေးတွေတွန်ကျူးသံလို သာယာနာပျော်ဖွယ် အသံလေးကို ကြားလိုက်ရသည့်အခါ မိုင်ရိုစ်၏ မနက်ခင်းလေးမှာ ပြည့်စုံသွားသလို...
ဆူပူသံလေးသည်ပင် နားဝင်ချိုစေတာမျိုး..။

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now