p -17

87 7 2
                                    

Unicode..

" ရှင်.. ရှင် သစ္စာဖောက်"

အဆောင်တော်ထဲကို ဓားကိုင်ထားသော မျက်နှာဖုံးအုပ်  လူတစ်စုခြံရံပြီး ဝင်လာသည့် လက်ဝဲရံ အမတ်ကြီး။

ယပ်တောင် တဖြတ်ဖြတ်ခပ်ရင်း ထီမထင်မျက်နှာပေးဖြင့် ..

" အသာတကြည် အဖမ်းခံပါ မင်းသမီး။ဎန္ဓကလည်း အခုလောက်ဆို တော်တော် နှိပ်စက်ခံနေရပြီ ထင်ရဲ့"

ပန်သုမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း..

" အတင့်ရဲလှချည်လား အမတ်ကြီး။ ဘုရင်တစ်ပါးကို  အဘယ်သတ္တိကြောင့် နာမည်ကိုင်ခေါ်လေသလဲ"

" ဟား ဟား.. နန်းကျဘုရင်ကို ငါက တရိုတသေ ခေါ်မယ်ထင်လား"

ရယ်မော ပြောဆိုနေသော အမတ်ကြီးကို ကြည့်ပြီး မင်းသမီးပန်သုမှာ ဒေါသထွက်စွာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

" ကဲ ဖမ်းခေါ်လိုက်ကြ"

အမတ်ကြီးရဲ့ အမိန့်ကြောင့် ဓားကိုင်ထားသည့် လူတစ်စုမှာ မင်းသမီးအား ဖမ်းရန် တိုးကပ်လာသည်။ထိုအချိန်တွင် မင်းသမီးသည် ရဲမက်တစ်ယောက် ချိန်ရွယ်ထားသော ဓားကို ဆတ်ခနဲ လှမ်းကိုင်လိုက်ပြီး အနားရှိ ရဲမက် တွေကို ခုတ်ပိုင်းလိုက်လေတော့သည်။ရုတ်တရက်ဆန်သော အဖြစ်အပျက်တို့ကြောင့် အမတ်ကြီးနှင့်ရဲမက်တစ်စုမှာ ကစဉ့်ကလျား ဖြစ်ကုန်သည်။မင်းသမီး ပန်သုထျာ၏ မြန်ဆန်လှသော ဓားချက်တို့ကို မခုခံနိုင်ရှာ။

" အပြင်မှာ ရှိတဲ့ လူတွေ အကုန်ဝင်လာကြစမ်း!! ဒီမကောင်းဆိုးဝါးမကို အခုချက်ချင်းဖမ်းလိုက်ကြ"

အမတ်ကြီး၏ အသံကြောင့် အပြင်မှ ရဲမက်တွေ တဖွဲဖွဲ ဝင်ဘာသည်။တစ်ယောက်နဲ့ အများဖြစ်သောကြောင့် အားမတန်မာန်လျော့လိုက်ရသည်။

" လက်ပြန်ကြိုးတုပ်ပြီး မရဏကုန်းကို ခေါ်သွား!!"

" တောက်!!"

ပန်သု၏ ခပ်ပြင်းပြင်းတောက်ခေါက်သံသည် မြေကြီးကိုပင် တုန်ဟည်းစေသည်။

...

" အ"

မဏီ၏ လက်မောင်းသို့  ဘုရင် ရုဒ္ဓ၏ ဓားချက်ထိမှန်သွားသည်။မဏီမှာ ဒေါသထွက်သွားပြီး အပြင်းအထန်ထိုက်ခိုက်တော့သည်။လျှပ်စီးကဲ့သို့ ဓားချက်‌ကြောင့် ရုဒ္ဓဘုရင်လည်း မခံနိုင်တော့သည့်အဆုံး ဆုတ်ပြေးဖို့ ကြိုးစားသော်လည်း သူ့အကြံအစဉ်မအောင်မြင်တော့ပေ။ မဏီ ထိုးစိုက်လာသော ဓားကို မခုခံနိုင်သဖြင့် မဏီ၏ ဓားသည် ရင်ဘက်ကို ထိုးစိုက် ဝင်ရောက်သွားသည်။ မဏိသည် ဓားကို ဆတ်ခနဲ ဆွဲထုတ်လိုက်သဖြင့် သွေးတို့သည် ပွက်ပွက်မြည်အောင် ဒဏ်ရာမှ ထွက်လာသည်။ထိုအချိန်တွင် မြားတစ်ချောင်းသည် မဏီ၏ လက်မောင်းရင်းကို ထိမှန်သွားသည်။
ထိုးစိုက်လာသော မြားကို ဆတ်ခနဲဆွဲထုတ်ရင်း နာနာကျင်ကျင် ညီးညူလိုက်သည်။ဘယ်ဆီကမှန်းမသိသော မြှားမိုးတွေကြောင့် သူ့ဘက်က တပ်သားတွေလည်း အတုံးအရုန်း ကျဆုံးကုန်သည်။ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေကြောင့် တပ်လှန့် သလို ဖြစ်ပြီး တပ်မကို စုစည်းမရ ဖြစ်နေသည်။

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now