CHAPTER 1

1.2K 55 1
                                    

မေ ၁၉၇၆

Sun Aijun  ဟာ သမဝါယမ ဈေးကနေ လက်ထဲကဆွဲခြင်းနဲ့ ပြန်လာခဲ့သည်။သူမ လမ်းတစ်လျှောက် အမြန်သွားနေရင်းနဲ့ အပြာရောင်ပိတ်စနဲ့ဖုံးထားဆွဲခြင်းက လှမ်းလိုက်တဲ့‌ခြေလှမ်းတိုင်းနဲ့အတူ လွှဲ နေခဲ့သည်။
**Su Aijun ဘယ်ကနေ အဲ့ဒါတွေကို ရလာခဲ့တာလဲ**
ရွာအ၀င်၀ရဲ့ ညောင်မုတ်ဆိတ်အပင်ကြီးအောက်မှာ မိန်းမကြီးနှစ်ယောက်က ရပ်နေလေသည်။ တစ်ယောက်က ကျဉ်းမြောင်းပြီး စွေစောင်းနေတဲ့ မျက်လုံး‌တွေ ရှိပြီးတော့ နောက်တစ်ယောက်မှာ မြင့်နေတဲ့ပါးရိုးတွေ ရှိနေသည်။
သူတို့က ဆက်ဆံရခက်တယ်ဆိုတာ သိနိုင်လေသည်။ Su Aijun လှမ်းကြည့်လိုက်တဲ့ အခါမှာ တွေ့သည်မှာ Sangang ရွာထဲက မကောင်းသတင်း‌ကျော်စော ပြီး အတင်းအဖျင်းတွေ ပြောတတ်တဲ့ မိန်းမကြီးနှစ်ယောက်ဖြစ်လေသည်။
Sun Aijun ဟာ မျက်နှာမှာ အပြုံးတပ်ဆင်ကာ လမ်းဆက်လျှောက်လာပြီးတော့ ပြောလိုက်သည်မှာ
** ဒီအတိုင်း လမ်းလျှောက်ရုံပါပဲ**
စကားပြောပြီးတာနဲ့ လမ်းတစ်လျှောက် ပျောက်ကွယ်သွားတော့လေသည်။ စွေစောင်းနေတဲ့မျက်လုံးတွေရှိတဲ့ မိန်းမကြီးက သူ့မျက်လုံးကို လှန်လိုက်ပြီး
**ဟမ့် သူမက ဘာကို ဟန်ဆောင်နေတာလဲ၊ ဒီလောက်ကြီးတဲ့ဆွဲခြင်းကို ကိုင်လာပြီးတော့ ဒီဘက်ကို ပြန်လာနေတာ၊ သူမကျိန်းသေပေါက် သမဝါယမ ကနေ ပြန်လာတာပဲ
နေမယ်။**
ပါးရိုးမြင့်တွေရှိ‌တဲ့မိန်းမကြီးက သူမရဲ့ ပါးလွှာနေတဲ့နှုတ်ခမ်းကနေ ဖရဲသီးစေ့ ကိုထွေးထုတ်လိုက်ပြီး
** Su Aijun က ကံကောင်းတယ်၊ သူမက ငါတို့ရွာရဲ့ ရွာလူကြီးနဲ့ လက်ထပ်လိုက်တာ၊ ရွာလူကြီးအိမ်က အရမ်း ချမ်းသာတာ**
မီးခိုးရောင်အနွေးထည် ၀တ်ထားတဲ့ နောက်ထပ် မိန်းမတစ်ယောက်ကလမ်းလျှောက်လာပြီးတော့ စကား ဆက်ပြောလိုက်သည်မှာ
**ဒါပေါ့ ၊ဒါမှမဟုတ်ရင် ဒီလောက်ခက်ခဲနေတဲ့အချိန်မှာ သမဝါယမကနေ ဒီပစ္စည်းတွေကို ၀ယ်ဖို့ ဘယ်သူကတတ်နိုင်မှာလဲ**
စွေစောင်းနေတဲ့မျက်လုံးတွေရှိတဲ့ မိန်းမကြီးက လှောင်ပြောင်ပြီးတော့
**ကံကောင်းတာလား၊ နင် ဘယ်လိုတောင် ပြောနိုင်တာလဲ၊ Ning မိသားစုရဲ့ သမီးနှစ်ယောက်က လက်ထပ်ရမယ့် အဓိက အရွယ်တောင်ကျော်သွားပြီ၊ အခုထိ လက်မထပ်သေးဘူး**
**နင် ပြောတာက Ning Xue နဲ့
Ning Tang ကိုပြောတာမလား**

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now