CHAPTER 16

224 29 4
                                    

Shen Lie က ပြောလိုက်သည်။
" ကိုယ်မကြာခင်ပြန်လာမှာပါ...."

Ning Tang ကပြောလိုက်သည်။
" အခုကွာရှင်းဖို့ အရမ်းနောက်ကျသွားပြီလား!?"

" စစ်တပ်ရဲ့ လက်ထပ်ပွဲအရ စစ်တပ်ရဲ့ အဖွဲ့၀င်က
ကွာရှင်းတာကို သဘာတူမှ ရမယ် "
Shen Lie က Ning Tang နဲ့ မျက်လုံးချင်းဆုံမှာကို ရှောင်ရင်း လျှေက်ပတ်ကြည့်နေလေသည်။

Ning Tang က ဒေါသထွက်နေတဲ့ အမူအရာကို ကူးပြောင်းလာတာကို မြင်သည့်အခါ Shen Lie က အမြန်ထပ်ပြောလိုက်သည်။
" ပင်လယ်ထဲကို သွားဖို့အတွက် ထောက်ပံ့ငွေရှိတယ်"

Ning Tang က စိတ်ငြိမ်သွားပြီး မေးလိုက်သည်။
" ထောက်ပံ့ငွေက ဘယ်လောက်လဲ?"

Shen Lie က တစ်ခဏလောက်တွေးလိုက်ပြီးပြောလိုက်သည်။
" အဲ့ဒါက ကိုယ် ဘယ်လောက်ကြာမလဲအ‌ပေါ် မူတည်တယ်။ ပျမ်းမျှအရ တစ်လကို ၆၀ ယွမ် ရတယ်"

ဒါဆို သူ နှစ်လသွားရင် ၁၂၀ ယွမ် ရမှာပေါ့။!!
Shen Lie က အခု တစ်လကို ၈၀ယွမ်ပဲရတယ် ဒါဆို သူ ပင်လယ်ထဲကို သွားတဲ့အတွက် ၁၂၀ ယွမ်ရမှပေါ့ အဲ့ဒါက နှစ်ကုန်ဘောနပ်စ် ရတာနဲ့တူတယ်။

Ning Tang က သဘောတူလိုက်သည်။
" ကောင်းပြီ၊ ရှင်သွားလို့ရတယ် ပြီးတော့ ကျွန်မတို့ကလေးသုံးယောက်ကို စောင့်ရှောက်လိုက်မယ်။ ဒါပေမယ့် ရှင် ပြန်လာတဲ့အခါ ထောက်ပံ့ငွေအကုန်လုံးကို ကျွန်မကို ပေးရမယ်နော်"

၁၂၀ ယွမ် နဲ့ Shen Lie သူမကို လုပ်အားခ အပ်ထားတာနဲ့ပေါင်းလိုက်ရင် အ၀တ်လျှော်စက်၀ယ်ဖို့ လုံလောက်လောက်တယ်။

အ၀တ်လျှော်ရတာ အရမ်းခက်တယ်။ အထူးသဖြင့်
အိပ်ရာခင်းနဲ့ အဖုံးတွေက သူမက သူတို့ လုံလောက်အောင် မသန့်ရှင်းမှာကိုကြောက်ပြီး
သူမခြေထောက်နဲ့ သူတို့တွေကို တက်နင်းရတယ်။
တစ်ခါ လျှော်ပြီးတိုင်း သူမရဲ့ နောက်ကျောနဲ့ ခါးတွေက နာကျင်နေလေသည်။

အ၀တ်လျှော်ရတာက နွေရာသီမှာတောင် ခက်နေပြီ
ပြီးရင် ဆောင်းရာသီမှာဆိုရင် ပိုတောင် ခက်သေးတယ်။ ဒါကြောင့် သူမအမြန် အ၀တ်လျှော်စက် ၀ယ်ရမယ်။

" ကောင်းပြီ"
Shen Lie က အမြန် သဘောတူလိုက်သည်။
ဒါပေမယ့် သူ့ဘာသာသူ ပြန်ပြင်လိုက်ပြီး
" အဲ့ဒါက ကိုယ့်ကလေးသုံးယောက်မဟုတ်ဘူး၊ ကိုယ်တို့ ကလေးသုံးယောက်"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now