CHAPTER 12.1

261 28 0
                                    

မနေ့တုန်းက Shen Lie က Ning Tang နဲ့ ထမင်းချက်ဖို့ ဆွေးနွေးသည့်အချိန် သူတို့က ကလေးသုံး‌ယောက်ကို မရှောင်ခဲ့ဘူး။ ကလေးသုံးယောက်လုံးက သူတို့ရဲ့စကားပြောတာတွေကို ကြားသွားလေသည်။ မနက်တုန်းက မထွက်ခွာခင်မှာ Shen Lie က Dawa ၊ Erniu နဲ့ Sawa ကို ဘေးကိုဆွဲခေါ်ပြီး Ning Tang က ဒီနေ့နေ့လယ်စာ ချက်ပေးမှာကို သူတို့ကို သတိပေးခဲ့သည်။ ဒါကြောင့် ကလေးသုံးယောက်လုံးက Ning Tang က နေ့လယ်စာချက်ဖို့ တာ၀န်ရှိတယ်ဆိုတာကို သိနေလေသည်။

သူတို့ သိနေသော်လည်း မနက် ၁၂နာရီ ထိုးနေပြီး Ning Tang က ဟင်းစချက်မရသေးဘူး။
ကလေးသုံးယောက်ရဲ့ အစာအိမ်တွေက ဆာလောင်မှုကြောင့် အသံတွေမြည်နေလေသည်။

Dawa ရဲ့တွယ်ကပ်ခြင်းကို ခံရပြီး Ning Tang က လှည့်လိုက်ပြီးတော့ အကူအညီမဲ့စွာ သုံးယောက်လုံးကို ကြည့်လိုက်သည်။
" ငါက မင်းတို့ရဲ့ မိထွေးသာမဟုတ်ရင် ငါသေချာပေါက် မင်းတို့ကို ရိုက်လိုက်ပြီ။"
သူတို့က တစ်မိသားစုတည်းက  လူဆိုးလေးတွေ
ဖြစ်ကြတယ်။
ဘာပဲဖြစ်ဖြစ် မနေ့တုန်းသဘောတူထားသည့်အတွက် သူမက နေ့လယ်စာချက်မှာဖြစ်ပြီး
Ning Tang သူမက စကားမတည်သည့်လူ
မဟုတ်ဘူး။ သူမက ထပြီး သန့်ရှင်းပြီး ဈေးသွားဖို့
ပြင်ဆင်နေလေသည်။

Ning Tang က Shen Lie ထားခဲ့သည့် ပိုက်ဆံတွေကို ယူလိုက်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည့်အခါ ထုံးစံအတိုင်း နေရောင်ခြည်က တောက်ပနေသည်။ သူမက သက်ပြင်းချလိုက်ပြီး
အပြင်မထွက်ခင် ကာကွယ်ဖို့အတွက် ကောက်ရိုးဦးထုပ်ကို ဆောင်းလိုက်လေသည်။

Dawa က သူမ ထွက်ခွာတာကိုကြည့်ပြီး ‌လက်ဝေ့ရမ်းလိုက်သည်။
" မိထွေး၊ ကျေးဇူးပြုပြီး မြန်မြန်ပြန်လာခဲ့နော်။ Erniu နဲ့ သားက အောင့်ထားလို့ရတယ် ဒါပေမယ့်
Sawa က ဗိုက်ဆာနေပြီ။"

Ning Tang က နှာမှုတ်လိုက်သည်၊ အဲ့ဒါကို ကတိအဖြစ် စဉ်းစားလိုက်သည်။

ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ရုတ်တရက် မနေ့တုန်းက Shen Lie က သူမကို  သူမစားသောက်ကုန်တွေကို ၀ယ်ချင်တယ်ဆိုရင် သူမက ကျွန်းရဲ့ မြောက်ဘက်ဈေးကို သွားရမယ်လို့
ပြောတာကို သတိရသွားသည်။ ဘာပဲဖြစ်ဖြစ်  ဘယ်လမ်းလဲဆိုတာ မသိဘဲ သူမက ဦးတည်ချက်ကို စိန်ခေါ်လိုက်သည်။
........
သူမက Shen အိမ်ကို ပြန်လာရပြီး Dawa ကို သူမနဲ့ အတူခေါ်သွားလေသည်။
" ငါ ဘယ်လမ်းလဲဆိုတာကို မသိဘူး၊ မင်းငါ့ကို
အဲ့ဒီကို ခေါ်သွားပေးလို့ရမလား?"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now