CHAPTER 7

329 40 3
                                    

ဇွန်လ ၈ရက်နေ့ မနက်ခင်းမှာတော့ ကြက်ဖတောင် မတွန်ခင်မှာပဲ Ning မိသားစု အကုန်လုံးက အိပ်ရာက ထနေခဲ့ပြီ ဖြစ်သည်။ Shangang ရွာ တည်ရှိတဲ့ Qi ပြည်နယ် ကနေ Hailang ကျွန်းကို ရထားနဲ့ သွားဖို့ အဲ့ဒါက ၇ ရက်လောက် ကြာတယ်။ သူတို့၀ယ်ထားတဲ့ ရထားလက်မှတ်က မနက်၉ နာရီမှာ ထွက်မှာ ဖြစ်သည်။ ဒါကြောင့် သူတို့က အစောကြီး ထွက်ခွာပြီးတော့ Shangang ရွာကနေ မြို့ကို အရင်သွားရမှာဖြစ်သည်။

Ning Tang က အဲ့လောက် အစောကြီး ဘယ်တုန်းကမှ အိပ်ရာမထခဲ့ဖူးဘူး ပြီးတော့ ပုံမုန် မနက်နှောင်းပိုင်း(11AM to 12PM)ထိ အိပ်ရာ မထခဲ့တာ ဖြစ်သည်။  ဒါပေမယ့် ဒီနေ့ကတော့ ကွဲပြားတယ် သူမက မနိုးသေးဘဲနဲ့ သူမဘာသာသူမ မျက်လုံးမှိတ်ပြီး မတ်တတ်ရပ်နေတာကို တွေ့ခဲ့ရသည်။ Su Aijun က ကြက်ဥပြုတ်၊ ပေါက်စီ၊
ကန်စွန်းဥတို့ကို Ning Tang ရထား‌ပေါ်မှာစားဖို့ပြင်ပေးခဲ့ပြီး အဲ့ဒါတွေကို သူမအတွက် အထုပ်ထဲထည့်ထားပေးခဲ့သည်။

Ning Tang က ယောင်ဝါးဝါး နဲ့ အထုပ်ကို Shen Lie ကို ကမ်းပေးပြီး ပြောလိုက်သည်။
" ရပါပြီ အမေ..."
Su Aijun က Ning Tang ရဲ့လက်ကို ကိုင်ပြီးတော့ သူမကို သေချာဂရုတစိုက်ကြည့်ပြီးတော့ သူမရဲ့ ပုံပန်းသွင်ပြင်တွေကို သူမ(Su Aijun )စိတ်ထဲမှာ အမှတ်အသား ဖြစ်အောင်မှတ်ထားနေသည်။

Ning Weiguo က အဓိက အခန်းရဲ့ တံခါးအ၀င်အ၀မှာ တစ်ယောက်တည်း ထိုင်နေပြီး
စက္ကူအပိုင်းအစနဲ့ လိပ်ထားတဲ့ စီးကရက်ကို သောက်နေခဲ့သည်။ သူမက မလွယ်ဘူးလို့ခံစားရသည် Su Aijun နဲ့ Ning Weiguo သူတို့က သူမကို သူတို့ရဲ့သမီးရင်းလို
ပြုစုပေးခဲ့တာကို ပြီးတော့ သူတို့ကို သူမက သူမရဲ့ မိဘရင်းတွေအဖြစ်မှတ်ယူလာခဲ့သည်။ Ning Tang က ပြုံးဖို့ အားတင်းလိုက်ပြီး Su Aijun ရဲ့လက်ကို နောက်ပြောင်စွာ ပုတ်လိုက်သည်။
" သူတို့ကပြောကြတယ် မင်းအိမ်က ထွက်ခွာလာရင်  ဖက်ထုပ်ကို တောင့်တတယ်တဲ့ ဒါပေမယ့်
အမေက တောက်‌လျှောက် သမီးကို  ကြက်ဥတွေ၊ ပေါက်ဆီ ပြီးတော့ ကန်စွန်းဥတွေကို စားဖို့ ပေးနေတယ်။ အိမ်မှာ သမီးနောက်ဆုံးအစားအစာအတွက် ဖက်ထုပ်စားရင် ဘယ်လိုလဲ။"

Su Aijun က သူမကို စိုက် ကြည့်လိုက်ပြီး
" နင့် အဖေနဲ့ ငါ အကုန်လုံးစားလိုက်ပြီ"
Ning Tang ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး
" သမီးပြန်လာရင် ခေါက်ဆွဲလုပ်ကျွေးဖို့ မမေ့နဲ့နော်။ သမီးက အမေလုပ်တဲ့ ခေါက်ဆွဲ၊ ခေါက်ဆွဲ ပါးပါးလေးတွေ၊ ကြက်ဥပြုတ် တစ်လုံးရယ်၊
နှမ်းဆီအနည်းငယ်နဲ့ ပြီးတော့ မုန့်ညင်းစိမ်းအနည်းငယ်နဲ့။ အား... အရသာအရမ်းရှိတယ် အဲ့ဒါက သမီးကို မူးဝေစေတယ်။"

၇၀ ခုနှစ်ရဲ့ ကျွန်းပေါ်က အပျင်းမိထွေးWhere stories live. Discover now