Part.2

162 29 0
                                    

[ Unicode ]

သူ့လက်ဖ၀ါးထက်က ရတနာ

အပိုင်း-၂။

----------------

"နဉ်နဉ်၊ နဉ်နဉ်မြန်မြန်ထဝောာ့ နောက်ကျရင် ဆရာမဆူလိမ့်မယ်လေ" အဘွားက ညဉ်းညူးနေ၏။

ကျိအန်းနဉ်က သူမအဖွားရဲ့လှုပ်နိုးမှုကြောင့် လန့်နိုးလာသည်။

မနက်ခင်းတိုင်းမှာသူမရဲ့အဖွားကသာနိူးတာကြောင့်သူမကနိုးစက်မလိုအပ်ချေ။သူမက စိတ်ရောဂါသည်ဖြစ်နေတာတောင် သူမရဲ့ဇယားကတော့အမြဲမှန်နေလေသည်။သူမကနာရီကြည့်စရာပင်မလိုဘဲ မနက်ခြောက်နာရီဆိုသည်နှင့် ပုံမှန်အိပ်ယာကနိူးသည်။သူမဦးနှောက်ကအလိုအလျောက်အာရုံရနေပြီး အချိန်ရောက်ပြီဆိုသည်နှင့် သူမကို နိူးဖို့အော်ဟစ်တော့သည်။

မည်သို့ပင်ဆိုစေ၊သူမရဲ့ မှတ်ညဏ်ချို့ယွင်းမှုကြောင့် မှတ်ညဏ်ဆုံးရှုံးနေရပေမဲ့လည်း သူမစိတ်ထဲ ကျိအန်းနဉ်ကအလယ်တန်းကျောင်းသူဖြစ်နေသေးပြီး နောက်ကျပါက အဆူခံရမည်ဟုသာတွေးနေလေသည်။

ကျိအန်းနဉ်က သူမရဲ့မျက်လုံးကို ပွတ်သပ်လိုက်ပြီး အိပ်ရာမှထထိုင်ကာ မြန်မြန်‌မျက်နှာသစ်ပြီး အဝတ်အစားလဲလိုက်သည်။

သူမရဲ့အဖွားစားဖို့အတွက်မနက်စာကို မီးဖိုချောင်‌တွင်ပြင်ဆင်နေလေသည်။အဖွားတွင် ရောဂါအများအပြားရှိနေ၍သင့်တင့်လျောက်ပတ်အောင် ဆီ၊သကြား၊ဆား စသဖြင့် ပါ၀င်ပစ္စည်းကိုတင်းတင်းကျပ်ကျပ် ထိန်းချုပ်ရန်လိုအပ်ပေသည်။ကျိအန်းနဉ်က တိတ်ဆိတ်စွာပင် ထမင်း၊ဟင်း ချက်‌ပြုတ်နေလိုက်သည်။

သူမက အဖွားအတွက်စားစရာကို အပူခံသေတ္တာနှစ်ဘူးထဲတွင်ထည့်၍ စားပွဲပေါ်တွင်တင်ထားသည်။ရေနွေးပူကိုလည်း ဓာတ်ဘူးထဲထည့်ကာ တစ်ခါတည်း အအေးခံထားလိုက်သည်။

ကံကောင်းစွာဖြင့်၊ သူမကမှတ်ဉာဏ်ရှုပ်ထွေးနေသော်ငြားလည်း သူမကိုယ်ကိုယ် ဂရုစိုက်နိုင်နေဆဲဖြစ်ပြီး ရေချိုးခန်းသို့လည်းကိုယ်တိုင်သွားနိုင်လေသည်။

ကျိအန်းနဉ်က အချဉ်ဖောက်ထားတဲ့ တို့ဟူးနှင့် ပေါင်းပြီးသားဘန်းမုန့်ကို ရေဖြင့်မျှောချပြီး သူမရဲ့မနက်စာကိုအပြတ်ဖြတ်လိုက်သည်။သူမညနေအိမ်ပြန်ရောက်လျှင် ဘေ‌စင်ကပန်းကန်တွေကိုဆေးကြောရမည်။

သူ့လက်ဖဝါးထက်က ရတနာ // Rebirth // [ ဘာသာပြန် ]Donde viven las historias. Descúbrelo ahora