Part.3

183 28 2
                                    

[ Unicode ]

သူ့လက်ဖ၀ါးထက်က ရတနာ

အပိုင်း-၃။

----------------

ကျိအန်းနဥ်က ဝမ်ယွီ၏ မျက်လုံးနက်နက်တွေကိုစိုက်ကြည့်ရင်း ပြောစရာစကားမဲ့နေရသည်။

သူမမျက်နှာကို မိတ်ကပ်မလိမ်းထားပေမဲ့ သူမမျက်၀န်းတွေက ရွှန်းစိုနေပြီး သူမမျက်နှာကမူ မက်မွန်ပွင့်လေးလို လှပပြီး အလွန်ကျက်သရေရှိနေသည်။သူမလေးရဲ့ နှင်းလိုဖြူဖွေးနေတဲ့ လည်ပင်းသွယ်သွယ်လေးနှင့် ထင်ရှားသိသာလွန်းလှတဲ့လိပ်ပြာပုံညှပ်ရိုးလေးက လူတွေရဲ့ အာရုံကို အကျွင်းမဲ့ ဖမ်းဆုတ်ထားနိုသ်လေသည်။ဝမ်ယွီရဲ့မျက်လုံးတွေက သူမရဲ့ အံ့အားသင့်နေတဲ့ အမူအရာကိုမြင်လျှင် ပို၍တောက်ပသွားတော့၏။

သူက သူမရဲ့ ညှပ်ရိုးတွေဆီမှ သူ့အကြည့်စူးစူးကိုဖယ်လိုက်ကာသူ့အသံကမူ နူးညံ့နေလျက်"မသောက်နဲ့တော့လေကွာ.....ယာဂုကညစ်ပတ်နေပြီ..."သူက သူမလက်ထဲမှ ယာဂုပန်းကို ယူလျက်ပြောလိုက်သည်။

သူမသည် သူ့အား တည့်တည့်စိုက်ကြည့်နေရာမှ သူ့‌လက်ချောင်းထိပ်မှာ ပန်းကန်လုံးအားထိမိသည်နှင့် သူမက လက်ကောက်ဝတ်ကို ရှောင်ဖယ်လိုက်တော့သည်။ ဝမ်ယွီမှာ သတိလက်လွှတ်ဖြစ်သွားလေသည်။

ဝမ်ယွီက တစ်ခဏ အေးခဲသွားပြီးမှ သူမအားအသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။

"ငါမင်းအတွက်တစ်ခြားတစ်ယောက်ကို ချက်ခိုင်းလိုက်မယ်....ဒီမှာစောင့်နေဦး....ဒါကို မသောက်နဲ့နော်...."

ကျိအန်းနဉ် ယင်းကိုမှတ်မိလေသည်။ ဝမ်ယွီကပြုံးပြီး သူမအား သူ့သူငယ်ချင်းကိုယ်စားတောင်းပန်ခဲ့သည်။ညစ်ပတ်သွားသောယာဂုအတွက် အခြားတစ်ယောက်အား သူမစားသောက်ဖို့အတွက် လုပ်ခိုင်းလိုက်သေးသည်။

သူမက ထိုအချိန်တုန်းက အရမ်းဗိုက်ဆာနေတာကြောင့် နေ့လယ်စာအတွက် သူကျွေးတာကိုခွင့်ပြုလိုက်ပြီး လောဘတကြီးစားခဲ့မိသည်။

ထိုအချိန်မှစပြီး သူမနှင့် ဝမ်ယွီ တစ်ပူးပူးတစ်တွဲတွဲဖြစ်သွားတော့သည်။

သူ့လက်ဖဝါးထက်က ရတနာ // Rebirth // [ ဘာသာပြန် ]Where stories live. Discover now