Zu Zu's Review

213 25 4
                                    

[ Unicode ]

ဇူဇူရဲ့မိတ်ဆတ်...

အချစ်တို့ရေ ဇူက ဒီ၀တ္ထုလေးကို မိတ်ဆတ်ပေးချင်လို့ပါ

ဒါက ဇူ တင်ဖို့ရွေးချယ်လိုက်တဲ့ Modern Normal တွေထဲကဒုတိယမြောက်အပုဒ်ပါ ပထမကတော့ He's Mine! ပါ တော်တော်များများကသိပြီးလောက်ပြီဆိုပေမယ့် မသိသေးတဲ့သူများဇူAccထဲ၀င်ကြည့်လို့ပါတယ် Completed ဖြစ်ပြီးသားပါ...

ကဲစကားဆက်ရအောင်...

He's Mine! မှာ Fml က တက်ကြွပြီးထက်မြတ်လှပတဲ့မိန်းကလေး Vs Ml က ရေခဲတုံးဆိုပေမယ့် တည်ကြည်ခန့်ညားပြီး တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုငု၀ါကိုလှည့်မကြည့်တဲ့သူမျိုး...

ဒီ သူ့လက်ဖ၀ါးထက်ကရတနာမှာကြတော့ လုံး၀ ကွာသွားပြီ...

Fml က ပြန်လည်မွေးဖွားတဲ့သူဆိုပေမယ့် သူမကတခြားပြန်လည်မွေးဖွားတဲ့သူတွေလိုမျိုး Over Power ဖြစ်နေတာမျိုးမဟုတ်ဘူး အဲ့ဒီအစား ကိစ္စတိုင်းကိုမျက်နှာသေနဲ့ဖြေရှင်းပြီး ဆင်းရဲတာကြောင့် အလုပ်အရမ်းကြိုးစားတဲ့သူမျိုး ဒါပေမယ့် ပညာအရေအချင်းကတော့ ချင်းဟွာတက္ကသိုလ်မှာ ပညာဆည်းပူးနေတဲ့သူနော် တအားတော်...

အတိတ်ဘ၀က ၀မ်ယွီတစ်ဖြစ်လဲ Ml ကသူမအတွက်ကလဲ့စားချေပြီး ဘ၀အပျက်ခံခဲ့တာကြောင့် သူ့အပေါ်တစ်ဖက်သတ် နာကျည်းမုန်းတီးမှုတွေကိုလွှတ်ချပြီး လက်ရှိဘ၀မှာ သူမတို့နှစ်ယောက်စလုံးရဲ့ အနာဂတ်ကိုပြင်ဆင်ချင်နေတဲ့သူ...

ခက်တာက ၀မ်ယွီက လူဘော​ကျော့ သူဌေးသားစစ်စစ်ဖြစ်နေတာပဲ အရာရာကိုငွေနဲ့ဖြေရှင်းပြီး အရှက်မရှိမျက်နှာပြောင်တိုက်တတ်တဲ့သူ...

သူကလုံး၀ Play Boy စစ်စစ်ရေမရောဘူး၊ ရုပ်ရှိရေလျှံဆိုတော့ ကပ်ချင်တဲ့မိန်းကလေးတွေကလည်းအများသား၊ သူ့အတွက်အရင်တုန်းကတော့ လာကပ်တဲ့မိန်းကလေးတွေကလည်းလှရင် သူကလည်းခံစားချက်ကောင်းရင်တွဲပေးလိုက်တာပဲ...ဂုဏ်သိက္ခာကြီးမားတဲ့ယောကျ်ားမျိုးလုပ်ဖို့ သူကစိတ်မ၀င်စားဘူး...

ဒါပေမယ့်...အန်းနဥ်နဲ့မတွေ့ခင်အထိဘဲ...

သူမက သူ့ငွေကိုစိတ်မ၀င်စားသလို၊ သူ့ကိုလည်းစိတ်မ၀င်စားဘူးဆိုပေမယ့် ထူးဆန်းစွာ သူမကသူ့ဆိုစိတ်ရှည်သည်းခံတတ်သလို၊မဟုတ်တာလုပ်ရင်လည်း ဆူဖို့၀န်မလေးဘူး...

သူ့လက်ဖဝါးထက်က ရတနာ // Rebirth // [ ဘာသာပြန် ]Where stories live. Discover now