Part.4

72 10 0
                                    

[ Unicode ]

သူ့လက်ဖ၀ါးထက်က ရတနာ

အပိုင်း-၄။

----------------

ဝမ်ယွီသည် ကားပေါ်မှဆင်းကာ သူမအားခေါ်ချင်သော်လည်း သူမက ကားမှတ်တိုင်သို့ အလျင်အမြန်လျှောက်သွားပြီး ကားစောင့်နေတ​ဲ့လူအုပ်ကြားထဲပျောက်ကွယ်သွားတာကိုမြင်လိုက်ရသည်။

ကျောင်းအနီးနားတွင် လူသုံးကုန်ဈေးရှိနေတာကြောင့် ထိုနေရာတွင်ရှိသော လူအများစုမှာ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းတို့သာဖြစ်ပြီး ယခုအချိန်တွင်လူအတော်လေးလူစည်နေပြီဖြစ်သည်။

ဝမ်ယွီကခြေနှစ်လှမ်းလှမ်းလိုက်ပြီးမှ ရပ်တန့်ကာ ဆက်မလျှောက်တော့ပေ။

သေချာပေါက်ကို...ကျိအန်းနဉ်က ကားဟွန်းတီးသံကိုကြား၏။

သူမရဲ့အတိတ်ဘဝတွင် သူနှင့်အတူစားခဲ့သည့် ထို့နေ့ နေ့လယ် ကျောင်းပြီးချိန်တွင်သူမကိုစောင့်ဖို့အတွက် ကျောင်းဂိတ်သို့ ဟမ်မာကားကြီးမောင်းပြီး သူမသွားချင်သည့်နေရာအား လိုက်ပို့ပေးမည်ဟုပြောလေသည်။

ထိုအချိန်ထိ သူက ယဉ်‌ကျေးနေဆဲဖြစ်ကာ သူနှင့်မတူအောင် အလွန်အမင်းသည်းခံလေသည်။ သူမသူ့ကို ငြင်းကာ ဘတ်စ်ကားသာစီးသွားသော်လည်း လမ်းတစ်ဝက်တွင် သူ့ကားအား အဆုံးတွင် စီးလိုက်ရသည်။

ထိုအချိန်မှစကာ သူမက အရှုပ်အထွေးများမှ မလွတ်မြောက်နိုင်တော့ပေ။

ယနေ့မတိုင်ခင်၊ မနေ့က သူမကျောင်းမှထွက်လာချိန် သူမကိုစောင့်နေမည့် ဟမ်းမားကားအားမတွေခဲ့ပေ။ သူမထင်ခဲ့တာက သူမရဲ့ပြန်လည်မွေးဖွားမှုက အဖြစ်အပျက်လမ်းကြောင်းတွေကို ပြောင်းလဲစေနိုင်ခဲ့သည်ဟုယုံကြည်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသေးသည်။

ကျိအန်းနဉ်က လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ပြန်လည်မွေးဖွားလာသူဖြစ်သဖြင့် သူမစိတ်တွေရှုပ်ထွေးနေဆဲဖြစ်သည်။သူမကဝမ်ယွီကို ဘယ်လိုရင်ဆိုင်ရမလဲ နားမလည်နိုင်သေးသဖြင့် သူနှင့်လောလောဆယ်မတွေ့ချင်သေးပေ။

ယနေ့မတိုင်ခင်အထိသာ၊ ဘယ်သူကများ သူက သူမကို ယခင်ကလို ကျောင်းဂိတ်၀မှာစောင့်နေဦးမည်ဟု သိလိမ့်မလဲ။

သူ့လက်ဖဝါးထက်က ရတနာ // Rebirth // [ ဘာသာပြန် ]Where stories live. Discover now