part-1

438 14 0
                                    

short story
zawgi

   ကျွန်တော့်နာမ်မယ်က ရှောင်းကျန့်လို့ခေါ်တယ်။ ကျွန်တော့်မာ အချစ်ဆုံးသူငယ်ချင်းလေးတစ်ယောက်ရှိတယ်။ သူ့နာမ်မယ်က ဝမ်ရိပေါ်တယ်တဲ့ ။ သူကကျွန်တော့်ကိုသိပ်ဂရုစိုက်တာ။ သူနဲ့ကျွန်တော်စသိတာက ကျွန်တော်တို့က ဝမ်မိသားစုနေတဲ့အိမ်နားကိုပြောင်းလာရာကနေစတာပဲ။
မားမားက အိမ်နီးနားချင်းတေခင်အောင်ဆိုပြီး ဖက်ထုပ်တေလုပ်ပြီး အိမ်နီးနားချင်းတေကိုဝေခိုင်းတာ အက်မာစသိကြတာပဲ။

   ရှောင်းကျန့်လေးက အဖော်သိပ်မင်တာ။ သူငယ်ချင်းတေအများကြီးထားချင်တာပေါ့။ ခက်တာက ဝမ်အူပုတ်ပဲ။ သူကရှောင်းကျန့်ကို သူငယ်ချင်းမထားခိုင်းဘူး။ ရှောင်းကျန့်လေးမပျော်တော့ပါဘူးနော်။ သူက သူငယ်ချင်းအများကြီးလိုချင်တာလေ ဘာလို့မထားခိုင်းတာလဲ!! အဲ့ဒီ့ဝမ်ရိပေါ်ကြီးကို နားကိုမလည်ဘူး။ ပြောသေးတယ် ဘာတဲ့  'ငါလဲမင်းကလွဲပြီး ဘယ်သူနဲ့မှသူငယ်ချင်းမလုပ်ဘူး။ မင်းလဲဘယ်သူနဲ့မှမလုပ်ရဘူး' တဲ့။ မလုပ်နဲ့ပေါ့ ဘယ်သူကလုပ်ခိုင်းလို့လဲ သူ့ကို။ သူနဲ့ရှောင်းကျန့်လေးနဲ့က တူမှမတူတာ သူကရှောင်းကျန့်တစ်ယောက်ထဲနဲ့ ခင်ချင်ပေမယ့်
ရှောင်းကျန့်ကအများကြီးနဲ့ခင်ချင်တာလေ။

  အက်လိုပြောလို့ဝမ်ရိပေါ်ကိုမခင်ဘူးလားဆိုတော့ မဟုတ်ဘူးလေနော့်။ သူ့ကိုရှောင်းကျန့်လေးက သိပ်သိပ်ချစ်၊ သိပ်သိပ်ခင်ပဲ သူ့ကိုမာမားတို့ပီးရင်အချစ်ဆုံးကို။ ဝမ်ရိပေါ်မသိအောင်ရှောင်းကျန့်က ကျိုးချန်ဆိုတဲ့သူတို့အခန်းထဲကကောင်လေးနဲ့ တိတ်တိတ်လေးသူငယ်ချင်းလုပ်သေးတယ်။ ကျိုးချန်ကအရမ်းခင်ဖို့ကောင်းတာနော်။ တအားလဲကြောက်တက်တာ ဝမ်ရိပေါ်ကိုမြင်ရင်ကို ငိုမဲ့မဲ့လေးဖြစ်သွားတာ။ ကျိုးချန်နဲ့ခင်တာ ဝမ်ရိပေါ်ကဘယ်လိုလုပ်သိသွားလဲမသိဘူး ရှောင်းကျန့်ကိုတစ်ပတ်တိတိစကားမပြောတော့ဘူး။

  ရှောင်းကျန့်ကပြန်ချော့တာတောင် လုံးဝအက်ဝမ်အူပုတ်ကောင်က စကားပြန်မပြောဘူး ။ အရမ်းဝမ်းနည်းတာပဲ အက်ဒါနဲ့ရှောင်းကျန့်လေး သူငယ်ချင်းအသစ်မထားတော့ဘူး။ ခုရှောင်းကျန့်တို့က အထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီ။ နောက်နှစ်ဆိုသူတို့ တက္ကသိုလ်တက်ရတော့မယ်။

Xiao-ရှောင်းWhere stories live. Discover now