part -5

114 8 2
                                    

unicode

"ပါး၊ မား "ကျွန်တော်ပြောစရာရှိတယ်"

ရိပေါ်ရဲ့အ​ပြော​ကြောင့် ပါးနဲ့မားက စားလက်စမုန့်ကို လက်ဆသပ်ပြီးရပ်တန့်လိုက်တယ်။ အငယ်လေးနဲ့ ကျယ်ကျဲကလဲ မနက်စာကို ဆက်မစားတော့ပဲနဲ့ ရိပေါ်ကို ​ကြည့်လာတယ်။ ရိပေါ်တို့မိသားစုက မနက်စာကို လူဆုံမှစားလေ့ရှိတယ်။

ပါး၊ မားနဲ့ ကျဲတို့နှစ်ယောက်ရဲ့ သူဆက်ပြောမယ့်စကားကို စောင့်တေပုံကိုကြည့်ပြီးမှ ဆက်ပြောလိုက်တယ်။ ပါးနဲ့မားက သူ့စကားကြောင့်အထူးဆန်းဖြစ်နေမှာ အမှန်ပဲ။ ကျန်နှစ်ယောက်လဲအတူတူပင်။ ဘာလို့ဆို တစ်အိမ်လုံးမှာ သူကစကားအနည်းဆုံးမဟုတ်လား။ ဝမ်ရိပေါ်က လုံးဝအေးစက်နေတာမဟုတ်ပေမယ့် သူ့နည်း သူ့ဟန်နဲ့တော့ မိသားစုအပေါ်နွေးထွေးသည်ဟု ဆိုရမည်။

  " ကျွန်တော်ဒီစကားကို သေချာစဥ်းစားပြီးမှ ပြောသင့်တယ် တိုင်ပင်သင့်တယ် ထင်လို့ပြောပါရစေ ပါး၊မား "

  "သားက ဘာကိုဆိုလိုချင်တာလဲ ဆိုတာကို သားစကားကို နားထောင်ပြီးမှ ပါးတို့ကဆုံးဖြတ်နိုင်လိမ့်မယ်။ ငါ့သားက ဘယ်တော့မှ မစဥ်းစား မဆင်ခြင်ပဲ မလုပ်ဘူးဆိုတာ ပါးယုံတယ်"

  "ဟုတ်ကဲ့ ပါးကျွန်တော့်အပေါ်မှာ ထားတဲ့ယုံကြည်မှုကိုသိပါတယ်"

ဝမ်ရိပေါ်ရဲ့ စကားကို ပါးက ခေါင်းတစ်ချက်ငြိမ့်ပြီး ဆက်ပြောဖို့အချက်ပြတယ်။ မားကတော့ ဘာမှမ​ပြောပဲ နားထောင်နေတယ်။ ဝမ်ရိပေါ်က အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီးမှ သူ့ရဲ့စကားကို ဆက်တယ်။

  " အကယ်၍ ပါးတို့ရဲ့သားဖြစ်တဲ့ ကျွန်တော်က တခြားယောကျ်ားလေးတေနဲ့မတူပဲ ယောကျာ်းလေးတစ်ယောက်အပေါ် စိတ်ရှိနေတယ်ဆိုရင် ပါးနဲ့မား လက်ခံပေးနိုင်ပါ့မလား သိချင်မိတယ်"

  "ငါ့သားက ဘာကိုပြောချင်လဲဆိုတာ ပါးတို့ကမသိဘူး။ သိခဲ့ရင်တောင် ဒါဟာ သားပြောချင်တဲ့ အဓိပ္ပါယ်ဟုတ်ရဲ့လားမပြောတက်ဘူး။ ဒါကြောင့် ပါးတို့ရဲ့ထင်မြင်ချက်တေနဲ့ မဆုံးဖြတ်သင့်သေးဘူးထင်လို့ သားပြောချင်တာကိုပဲ တိုက်ရိုက်ပြောလိုက်တာ ပိုအဆင်ပြေမယ်လို့ ပါးကတော့ထင်တယ်.."

Xiao-ရှောင်းUnde poveștirile trăiesc. Descoperă acum