part-2

160 10 1
                                    

ရှောင်းကျန့်ဘယ်လိုမှအိပ်လို့မပျော်နိုင်ဖြစ်နေရတယ်။သူဘယ်လိုလုပ်ရပါ့မလဲ သူရင်တေအရမ်းခုန်နေခဲ့တာ သူစိတ်ကူးယဥ်ဖူးတဲ့၊ သူရဲ့အတွေးလေးနဲ့ ဖြစ်တည်ခဲ့ရတဲ့ သူ့ရဲ့ပထမဆုံးအနမ်းက ခုတော့စိတ်ကူးထဲကအတိုင်းဖြစ်ခဲ့ပြီ။ ဝမ်ရိပေါ်ကိုတစ်နေ့တစ်ခြားလောဘတေတက်လာရလို့ဘယ်လိုလုပ်ရပါ့မလဲ။ သူတော့ရူးတော့မယ်ထင်ပါတယ်။
နေ့လယ်ကအကြောင်းကိုတွေးရင်းနဲ့ အချိန်တေဘယ်လောက်ကြာသွားမှန်းမသိလိုက်။ သေချာတာကတော့ သူ  အရူးလေးလိုတစ်ချိန်လုံးပြုံးရယ်နေခဲ့မှာပင်။

  သူမနက်ဖြန်ရိပေါ်နဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ။ သူ့ကိုရိပေါ်ကနမ်းခဲ့တာဆိုတော့ ရိပေါ်မှာလဲရှောင်းကျန့်လိုပဲ ခံစားချက်တေရှိနေခဲ့တာလား။ ဒါကဖြစ်နိူင်ပါ့မလား ရှောင်းကျန့်ကရိပေါ်ကိုမေးဖူးတယ် 'မင်းယောကျာ်းတစ်ယောက်ကို ချစ်နိုင်လား' လို့။ ရိပေါ်ကတော့ လက်ခံနိုင်တယ်လဲမပြောသလို လက်မခံနိုင်ဘူးလို့လဲမပြောခဲ့ဘူး။ အက်ဒါအစား 'အချစ်မှာ ယောကျာ်း၊ မိန်းမ မရှိဘူး' လို့ပဲပြန်ပြောခဲ့တာ။ အက်အကြောင်းနဲ့ပက်သတ်ပြီး ရှောင်းကျန့်ကသိပ်မတွေးတက်ဘူး။ ရှောင်းကျန့်ဘက်ကနေ ရိပေါ််ကိုချစ်တယ်လို့ပြောရင်ရော လက်ခံနိုင်လောက်လား။

   ဒါမှမဟုတ်ရိပေါ်က အတွေ့ကြုံရချင်လို့ပဲသူနဲ့စမ်းသက်တာလား။ ရုပ်ရှင်ရုံကနေပြန်လာတော့လဲ ရိပေါ်ကဘာစကားမှပြောမလာခဲ့။ ရိပေါ်ကကျောင်းမှာလဲနာမယ်ကြီးလှသည်။ သူ့ကိုကြိုက်နေတဲ့ ကောင်မလေးတေမှအများကြီးပဲ။ ရိပေါ်က အရင်ကသူ့ကိုကြိုက်တယ်လို့လာပြောတဲ့ မိန်းခလေးတေကိုတော့  မချစ်နိုင်ကြောင်းနဲ့ သူ့ထက်ကောင်းမွန်တဲ့၊ချစ်ပေးနိုင်တဲ့လူနဲ့ တွေ့မှာပါလို့ပြောတက်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့တပတ်လောက်ကကျောင်းပြောင်းလာတဲ့ ဝမ်ချင်းဆိုတဲ့ကောင်မလေးနဲ့တွဲသွား၊တွဲလာလုပ်နေတာကို ရှောင်းကျန့်တစ်ခါနှစ်ခါတွေ့ဖူးတယ်။ ဝမ်ချင်းကလှတယ်၊ ထက်မြတ်တယ်၊ သွက်သွက်လက်လက်ရှိတဲ့မိန်းခလေး ရှောင်းကျန့်နဲ့ယှဥ်ရင်အရာရာသာသည်။

  ဒီလောက်ပြီးပြည့်စုံနေတဲ့မိန်းခလေးဘေးမှာရှိနေတာကို ရှောင်းကျန့်ကဝမ်ရိပေါ် သူ့ကိုကြိုက်နေတယ်လို့တွေးနေတာလေးက ဖြစ်နိုင်ပါ့မလား။ ဒီလိုတွေးလိုက်တော့ စောနကပျော်နေတာလေးပင်ပျောက်သွားရပြီး ဝမ်းနည်းလာရတယ်။ ရှောင်းကျန့်ဟိုဟိုဒီဒီတွေးရင်နဲ့ ဘယ်ချိန်အိပ်ပျော်သွားမှန်းမသိလိုက်ပေ မနက်နိုးတော့ ခုနှစ်နာရီခွဲနေပြီပင်။
သူမြန်မြန်အိပ်ယာထပြီးပြင်ဆင်လိုက်ရတယ် မဟုတ်ရင်ရိပေါ်သူ့ကိုစောင့်နေရတော့မယ်လေ။

Xiao-ရှောင်းWhere stories live. Discover now