part -6

117 7 0
                                    

unicode

ရှောင်းကျန့်က တံခါးအသံမမြည်အောင် ဂရုတစိုက်ဖွင့်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ်။ မာမားတို့ နိုးလာမှာ သူစိုးရိမ်လွန်းလှသည်။

ခြေသံကို ဖွဖွနင်းပြီး ဧည့်ခန်းထဲကအဖြတ် လင်းထိန်လာသော မီးများကြောင့် နေရာတွင် ကျောက်ချထားသကဲ့သို့ တောင့်တောင့်လေး ဖြစ်သွားရတယ်။ သွားပြီ မာမားတို့ နိုးသွာပြီထင်သည်။

  "ဒါ ဘယ်ကပြန်လာတာလဲ အားကျန့်"

  "မား..."

  "မာမားတို့ မင်းကို အလိုလိုက်တာများသွားပြီထင်တယ်။ ဟုတ်တယ်မလား အားကျန့်"

"မား..ဘာတေပြောနေတာလဲ"

မားဘာတေပြောနေတာလဲ ရှောင်းကျန့်လုံးဝနားမလည်ပေ။ ဘာကို အလိုလိုက်တာ များသွားတာလဲ။ မဟုတ်မှ သူနဲ့ရိပေါ်တွေ့နေတာကိုများ တွေ့သွားရော့သလား။ အက်လိုတွေးလိုက်မိတော့ ရှောင်းကျန့်မှာ အပြေးတစ်ပိုင်းပဲ မာမားထိုင်နေတဲ့ရှေ့မှာပဲ ထိုင်ချလိုက်မိပြီး မာမားရဲ့ခြေထောက်ကို ကိုင်လိုက်မိတယ်။

  "မား..မားတွေ့သွားခဲ့တယ်လား။ သားဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး။ ပြောပြမလို့ပါပဲ အချိန်မတိုင်သေးဘူးထင်လို့ပါ။"

  "ဘာကိုအချိန်မတိုင်သေးတာလဲ ဘယ်အချိန်မှ ပြောမယ်လို့ မင်းကထင်တာလဲ။ ပြောပါအုံး ဒီအမေကို ဘယ်အချိန်မှများ ပြောမယ်တွေးထားတာလဲလို့..ဟမ်"

ရှောင်းကျန့်ကိုပြောလဲပြော မာမားကငိုသည်။ မာမားက သူ့ရှေ့မှာဘယ်တော့ မျက်ရည်မကျပေ။ သူ့ကြောင့်နဲ့ ထိုအမျိုးသမီးက ငိုသည်တဲ့လား။

  "မဟုတ်ရပါဘူး မားရယ်... အက်လိုမဟုတ်ရပါဘူး"

မာမားကသူ့ကို ငုံ့ကြည့်နေရင်းမှ တဖက်သို့မျက်နှာ လွှဲသွားပြီး ဆက်ပြောသည်။

  "အဆက်သွယ် ဖြတ်လိုက် အားကျန့်။ ပြီးရင်တော့ မင်းဖိုးဖိုးရှိတဲ့ နယ်ကိုလိုက်သွားဖို့ ပြင်ပါ"

  ရှောင်းကျန့် အလန့်တကြားမားကို ကြည့်လိုက်မိတယ်။ မားက တကယ်ပဲ သဘောမတူနိုင်ဘူးလား။ သူပျော်တယ်ဆိုရင်တောင် သူတို့နှစ်ယောက်ကို သဘောမတူပေးနိုင်ဘူးလား။ အနည်းဆုံးတော့ သူ့ကိုပျော်ရွှင်နေတာကို မားတို့ကကြည့်ပြီး သဘောတူပေးမယ်ထင်တာ။

Xiao-ရှောင်းWhere stories live. Discover now