part -8

149 11 0
                                    

unicode

  "ဝမ်....တောင်းပန်ပါတယ်..ငါ..တောင်းပန်ပါတယ်"

   " တော်စမ်းပါ။ မင်းဘက်က ဘယ်လောက်ပဲ မရည်ရွယ်ဘူးပြောနေပါစေ..အားလုံးက ဖြစ်ပြီးသွားပြီ။ နားလည်လား! အက်ဒါကိုမင်းနားလည်လား..!!"

  ဝမ်ဟာ သူ့ကိုကြည့်နေသည့် မျက်ဝန်းတေသည် ဟိုအရင်ချိန်များကဲ့သို့ နွေးထွေးမှုများရှိမနေတော့ပါ။ စိတ်ပျက်မှုတေ၊ နာကျည်းမှုတေသာ ပြည့်လျှံနေသော မျက်ဝန်းများဖြင့် ရှောင်းကျန့်အား ကြည့်နေခဲ့သည်။

"မဟုတ်ပါဘူး..ဝမ်ရယ်..ငါရှင်းပြပါ့မယ်..နော်။ ခဏလေးပဲလေ.. ခဏလေးပဲ နားထောင်ပေးလေ..နော်ပါ..ဝမ်ရယ်..တကယ်ကိုခဏလေးပါပဲ။"

ရှောင်းကျန့်က ဝမ့်ရဲ့အကြည့်တေကြောင့်ရူးတော့မလိုပဲ။ ဝမ်ကသူ့ကို အရမ်းပဲမုန်းနေပြီလား။ မဖြစ်နိုင်တာ ဘာကြောင့်ဝမ်ကသူ့ကို မုန်းရမှာလဲ။ ရှောင်းကျန့်မင်းအတွေးလွန်နေပြီ။

  "ဘာမှရှင်းပြစရာမလိုဘူး။ စရှင်းပြပြီဆိုထဲက မဟုတ်မမှန်လို့ပဲ။ မင်းဘက်ကမဟုတ်တာလဲမလုပ်ထားသလို မမှန်တာလဲမလုပ်ထားဘူး အက်ဒါကြောင့် ဘာမှရှင်းပြနေစရာမှမလိုပဲ..မင်းမှန်မယ်ထင်တဲ့ လမ်းကို ရွေးသွားတာပဲ။ အက်ဒါကြောင့် ဘာကိုမှနောင်တမရနေပဲ ရှေ့ဆက်ပါ။ မင်းနဲ့ငါရဲ့ ဇာတ်လမ်းကိုလဲ ဒီမှာပဲ အဆုံးသတ်ကြရအောင်။"

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပြောပြီးလှည့်ထွက်သွားခဲ့သည်။ ရှောင်းကျန့်ဘယ်လောက်ပဲ အော်ခေါ်နေပါစေ လုံးဝကို လှည့်ကြည့်ခြင်းမရှိပေ။ ရှောင်းကျန့်က ဝမ်ရိပေါ်ကို အော်ခေါ်တယ်။  နောက်ကနေပြေးလိုက်တယ် သူလိုက်လေဝမ်ဟာ သူနဲ့ပိုဝေးသွားလေပဲ။ ရှောင်းကျန့်က အော်ခေါ်နေရင်းနဲ့ပဲ မျက်ရည်တေ တသွင်သွင်သီးကျလာခဲ့သည်။

"ဝမ့်..!! မထားခဲ့ပါနဲ့..."

  "ဝမ့်!!!"

ရှောင်းကျန့်က အိမ်မက်လန့်နိုးလာခဲ့သည်။ အိမ်မင်ဆိုးကနေနိုးထလာခြင်းကြောင့်လား သူဟာဝမ့်ရဲ့အမည်နာမအားအော်ခေါ်နေရခြင်းကြောင့်လားတော့ မသိ သူ့ရဲ့လည်ပင်းတစ်လျောက် ခြောက်ကပ်နေသည်မှာ နွေခေါင်ခေါင်မှာ ပေါက်တဲ့သစ်ပင်လေးလိုပင်။

Xiao-ရှောင်းWaar verhalen tot leven komen. Ontdek het nu