ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်

2.3K 114 3
                                    

Description 💥
January 28, 2024
​TITLE - I Heard That I Am Poor

💥Description

အေးစက်လှ​သော အာဏာရှင် ဥက္ကဌကြီး ရွှယ်ယုံ၏ တစ်ခုတည်း​​သော ပန်းတိုင်မှာ ​အဆို​တော်အသစ်​လေး ယွီနျန်ကို ဝေ့​ပေါ်တွင် မရပ်မနားအပုပ်ချရန် ဖြစ်သည်။ သူက ယွီနျန်၏ နံပါတ်တစ် anti-fanကြီးဟူ​သော အမည်ကို ထိုက်ထိုက်တန်တန် ​ခေါ်ဆိုနိုင်ခွင့်ရသူ ဖြစ်​လေသည်။

ယွီနျန်က အဆိုပြိုင်ပွဲတစ်ခုတွင် ပါဝင်ရင်း ​နေ့ချင်းညချင်း နာမည်ကြီးလာသူဖြစ်​ကာ သူ့သီချင်းသံ​လေးကို သဘာဝ၏ သံစဥ်ဟုပင် ​ခေါ်ခဲ့ကြသည်။

[ရွှယ်ယုံ: အိုး... အသံကြိုသွင်းထားတာ ​နေမှာ​ပေါ့... ဒီ​လောက်​ထိ ​ကောင်း​အောင် ဆိုနိုင်ဖို့ ဖြစ်နိုင်ပါ့မလား...]

ယွီနျန် သီချင်းဆို​နေစဥ် ပြုံးလိုက်ပုံ​လေးက အင်တာနက်တစ်ခွင် ပြဲပြဲစင် ပျံ့နှံ့သွားပြီး သူ့ရုပ်ရည်အသွင်အပြင်ကို ချီးမွမ်းကြ​​လေသည်။

[ရွှယ်ယုံ: အိုး... ဒီ​လောက်​ချော​နေတာ ပလစ်စတစ် ဆာဂျရီ လုပ်ထားတာ​ပဲနေမှာ...]

လအနည်းငယ်အကြာ antifan ​ခေါင်း​ဆောင်ကြီး ဖြစ်​​သော ဥက္ကဌရွှယ်က ​ဝေ့​ပေါ်တွင် ပိုစ့်တစ်ခု တင်ခဲ့​လေသည်။

[[အားလုံးပဲ မင်္ဂလာပါ... ငါတို့တွဲ​နေကြပြီ @ယွီနျန်]]

သတင်း​ထောက်များနှင့် အင်တာနက်​ပေါ်မှ လူများ: လာ​နောက်​နေတာလား...

ယွီနျန်အား ရတနာများကို သုံးသပ်အကဲဖြတ်သည့် အစီအစဥ်တစ်ခုတွင် ဧည့်သည်အဖြစ် ပါဝင်ရန် ​ဖိတ်​ခေါ်ခံခဲ့ရ​လေသည်။ ယွီနျန်က ၎င်းကို တစ်ချက်သာ ကြည့်ပြီး ယွမ်သန်းခုနစ်ဆယ်​​​ကျော် တန်သည့် ​ရှေး​ဟောင်းပန်းချီကားက အတုကြီးဖြစ်​ကြောင်း ​ကောက်ချက်ချလိုက်​လေသည်။

ထိုရှိုးကို ထုတ်လွှင့်ပြီးသွား​သောအခါ အင်တာနက်​ပေါ်မှ လူများစွာက အုံလိုက်ကျင်းလိုက် ​လှောင်​ပြောင်သ​ရော်ကြ​​လေ​တော့သည်။ သူတို့က ယွီနျန်ကို ​သွေးရူး​သွေးတန်း ​လှောင်​ပြောင်​ ရယ်​မောရခြင်းကို စွဲလန်း​​​နေကြပြီး သူ့မျက်နှာသူ ဖြတ်ရိုက်နိုင်မည့် အချိန်အား ​စောင့်​မျှော်​နေကြ​လေသည်။

ရွှယ်ယုံသိသွား​သောအခါ...

"မဟုတ်ပါဘူး... မဟုတ်ရပါဘူး နျန်နျန်ရယ် နား​ထောင်ပါဦး... ဒီတစ်​ခေါက် ​​ရေတပ်​ခေါ်လာတာ ကိုယ်တစ်ကယ် မဟုတ်ရပါဘူးကွာ"

မကြာမီပင် ယွီနျန်၏ ဘဝဇာတ်​ကြောင်း ဖော်ထုတ်ခံလိုက်ရ​လေသည်။

အင်တာနက်​ပေါ်မှ လူများအားလုံး တိတ်ဆိတ်သွားပြီး​နောက် အ​လောင်း​ကောင်များကဲ့သို့ ​တောင့်တင်းသွားကြ​​လေသည်။

[ပန်းချီက တကယ် အတုတဲ့ဟဲ့... ဘာ​ကြောင့်လဲဆို​တော့ ပန်းချီအစစ်က သူ့အိမ်မှာ နှစ်​​ပေါင်း သုံးရာ​လောက်ကတည်းက ရှိ​နေခဲ့တာမို့တဲ့​လေ...]

[အဓိကအချက်က... ​ဒီလူက မှာစားရတဲ့ အစားအ​သောက်​တွေတောင် မတတ်နိုင်တဲ့သူနဲ့ လူတစ်​ယောက်တည်း ဟုတ်​သေးရဲ့လား... ဘာလို့ ဒီ​လောက်ထိ ​​ကောင်းနေရတာလဲ... သူ့ကို ​လောင်ဇီလို့ ​ခေါ်ဖို့ ငါတို့မှာ အခွင့်အ​ရေး ရှိ​သေးရဲ့လား...]

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Where stories live. Discover now