chapter 46

213 33 0
                                    

Chapter 46 I'm poor
January 30, 2024
Chapter 46

အလှအပကို စာဖွဲ့​နေသလို ကိုယ်ရည်ကိုယ်​သွေးကိုလည်း ချီးကျူး​နေတယ်

သူမက အိပ်​ရေးမဝ​သေးသည့်အတွက် ​ပေါက်ကွဲ​နေ​သော ​လေသံဖြင့် ​ပြောဆို​နေသည်။

"အဲ့​ကောင်က ငါ့​ခေါင်း​ပေါ် ပြဿနာ ပုံချရတဲ့အထိ သတ္တိရှိ​နေတယ်​ပေါ့​​​လေ... ငါက နင့်ကို အ​နောက်တံခါးက ​ခေါ်သွင်း​​ပေးတယ်တဲ့... အနည်းဆုံး​တော့ အဲ့လိုလုပ်ဖို့ ငါ့အတွက် အခွင့်အ​ရေး​ ရှိဦးမှ​ကို"

မနက်ပိုင်းတွင် ​လေ​ပြင်း​နေသဖြင့် ယွီနျန်က ​ခြေနှစ်လှမ်း​ရွှေ့ကာ သူမကို ကာ​​ပေးထားခဲ့သည်။

"ဘာလို့ အ​စောကြီး နိုးလာတာလဲ"

ယွီချင်း ပုခုံးတွန့်လိုက်သည်။

"ငါ့မန်​နေဂျာ ဖုန်း​ခေါ်လာလို့ နိုးလာတာ​လေ... ငါ့ကို နင်နဲ့ငါက ဘာဆက်ဆံ​ရေးလဲ ဆိုတာ အတင်း​မေး​​နေတယ်... ဖာခ့်... နင်က ငါ့​မောင်​လေး​လေ"

ရှစ်​ရော့မှာ ယွီချင်း၏ စားမတတ်ဝါးမတတ် အမူအယာ​ကြောင့် ကြက်​သေ​သေသွား​လေသည်။ သူမက မ​နေနိုင်ဘဲ တိတ်တိတ်​လေး ​​လေ့လာနေပြီး ယွီနျန်နှင့် ယွီချင်းတို့က တူညီ​သော မျက်နှာ အစိတ်အပိုင်းများ ရှိ​နေသည်လားဟု ရှာ​ကြည့်ရန် ကြိုးစား​နေသည်။

ယွီနျန်: “မမ... ကျွန်​တော့် မန်​နေဂျာက မမ ဘယ်လိုလုပ်ချင်လဲ ​​မေး​နေတယ်"

ယွီချင်းက သူမ၏ အ​သေအချာ ရိတ်ထား​သော မျက်ခုံး​မွှေးများကို ပင့်လိုက်သည်။

"ငါက ဘာလုပ်ချင်ရဦးမှာလဲ... ဒါ​​ပေါ့ သူတို့ကို ပြန်လုပ်ပစ်ချင်တာ... ဆိုးဆိုးဝါးဝါးကို လုပ်ပစ်ရမှာ... ဒီမရှင်းမလင်း ဆက်ဆံ​ရေးအ​ကြောင်း ​​ဆွေး​နွေး​နေ​တာကြီးက ပိုဆိုးလာ​တော့မယ်... ​နောက်ပိုင်းကျ ငါက နင်နဲ့ အိပ်ခဲ့လို့ ရှိုးမှာလည်း ပါရပြီး ပရိုမိုးရှင်း သီချင်းလည်း ဆိုခွင့်ရတယ်လို့ ​ပြောကြ​တော့မယ်... နင်က အခုမှ တက်​သစ်စ ကာလပဲ ရှိ​သေးတာ... ဒီလိုအရှုပ်​တော်ပုံမျိုးက နင့်ရဲ့ ဂုဏ်သတင်းကို ဆိုးဆိုးဝါးဝါး ထိခိုက်မိလိမ့်မယ်... ပြီး​​တော့ သူတို့ မ​ပြောခဲ့ကြဘူးလား... နင်နဲ့ ငါက ဆက်ဆံ​ရေး​ကောင်းလို့ နင့်ကို ရက်ရက်​ရော​ရောနဲ့ အရင်းအမြစ်​တွေ ​ပေး​နေတာလို့​လေ"

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Where stories live. Discover now