Chapter 50 I'm poor
January 30, 2024
Chapter 50တောင်းပန်ပါတယ်... ကိုယ်အချိန်မီ မရောက်နိုင်တော့ဘူး
ချူရှောင်းရန်၏ ကားကို အနီးအနားတွင် ပါကင်ထိုးထားပြီး နှစ်ယောက်သားက တစ်ယောက်နောက်မှ တစ်ယောက် လျှောက်လာခဲ့ကြသည်။ ချူရှောင်းရန် သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။
"ငါပြန်ရောက်လို့ ငါ့အစ်ကိုသာ ငါ့ကို တွေ့ရင် ငါဘယ်သွားခဲ့လို့ အသားအရည်တွေ ကြမ်းလာရတာလဲလို့ မေးတော့မယ်... လိမ္မော်ခွံခြောက်လို ဖြစ်နေပြီ"
နှစ်ယောက်သားက အချင်းချင်း သိပ်မသိကြပေ။ ယွီနျန်က အလေးအနက် လျှောက်လာနေပြီး သာမန်ကာလျှံကာ ပြန်မဖြေလိုက်ပေ။
လေတိုက်စားနေသော တောင်ကုန်းလေးကို ဖြတ်ပြီးသွားသောအခါ ကျောက်စရစ်ခဲများ ပေါ်တွင် ရပ်ထားသည့် အနက်ရောင်နာနီကားလေးကို တွေ့လိုက်ရသည်။
ချူရှောင်းရန် ရပ်ကာ လက်ညှိုးထိုးပြလိုက်သည်။
"အဲ့ဒါက ကားထဲမှာ ရှိတယ်... ကိုယ့်ဘာသာ သွားယူလိုက်" သူ ပြောပြီးနောက် ထပ်မပြောတော့ဘဲ အီလစ်ထရောနစ် စီးကရစ်လေးကို ခဲကာ ကျောပေးထားလိုက်သည်။
ကိုယ့်ဘာသာ သွားယူရမယ်...
ယွီနျန် စိတ်ထဲ၌ ခန့်မှန်းကြည့်လိုက်သည်။ တံခါးဆီသို့ လျှောက်လာပြီး လက်ဆန့်ကာ ကားတံခါးကို ဖွင့်လိုက်လေသည်။
သူထင်ထားသည့်အတိုင်းပင်။
ယွီနျန်က အနက်ရောင် ခေတ်နောက်ပြန် ကတ္တီပါ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားပြီး လက်ထဲတွင် ငွေမှင်ရောင် မှတ်စုစာအုပ်လေးတစ်အုပ်ကို ကိုင်ကာ ကျောမတ်မတ်ထား၍ ထိုင်နေသည့် ရွှယ်ယုံကို တွေ့လိုက်ရသည်။ သူ ပြုံး၍ နှုတ်ဆက်လိုက်သည်၊
"မတွေ့ရတာကြာပြီ"
သူ့ကို ချော့မော့ရန်အတွက် အစားအသောက်များ ပို့ပေးလာခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးထားခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်၍ လူကိုယ်တိုင် ရောက်လာမည်ဟု မထင်ထားခဲ့။
YOU ARE READING
ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်
General FictionDescription 💥 January 28, 2024 TITLE - I Heard That I Am ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ် ကဲကဲအသစ်ကလေးလာပြီနော် Hello... Hello... Hello... ဒါဒါလေးတို့ရေ ..... ကျွန်တော်က ဆင်းရဲတယ်လို့များ ကြားမိကြလား ... မကြားဖူးသေးရင်တော့ အစဆုံးကို ငွေလွှဲ ၃၅၀၀...