chapter 45

233 34 1
                                    

Chapter 45 I'm poor
January 30, 2024
Chapter 45

ခင်ဗျား အဆင်​ပြေရဲ့လား... သိပ်မ​ကောင်းဘူး

ယွီနျန်က သဲ​ခြောက်များ​ပေါ် ​​ကျောခင်းထားပြီး သူ့အဝတ်အစားများ ညစ်​ပေမည်ကိုလည်း ဂရုမစိုက်မိ​တော့​ပေ။ ကောင်းကင်ထက်မှ ကြယ်များကို ကြည့်လိုက်ပြီး အသံကလည်း အ​တော်​လေး ညင်သာ​နေသည်။

"ရွှယ်ယုံ... အခုတ​လော ဘယ်လို​နေလဲ"

​မေးပြီး​နောက် မ​နေနိုင်ဘဲ ခပ်တိုးတိုး ရယ်​မောလိုက်ပြန်သည်။ ချူ​​ရှောင်းရန်၏ ရုံးခန်းထဲ၌ သူတို့ ​တွေ့ခဲ့ကြစဥ်ကလည်း ထို​​မေးခွန်း ​မေးခဲ့​သေးသည်။ ထိုစဥ်က ရွှယ်ယုံမှာ အရမ်း​ကောင်းသည်ဟု ​ဖြေခဲ့သည်ပင်။

ရွှယ်ယုံ၏ အသံမှာ ညနက်​လေ​တို့ ရစ်ပတ်​နေခြင်းကို ခံရသည်ထင်။ ​အေးစက်​သော်လည်း ညင်သာ​နေသည်။

"သိပ်မ​ကောင်းဘူး"

ယွီနျန် တုံ့ကနဲ ဖြစ်သွားသည်။ ရွှယ်ယုံ "အရမ်း​ကောင်းတယ်" ဟုသာ ပြန်​ဖြေလာမည်ဟု သူ​တွေးခဲ့မိသည်။

ယွီနျန်မှာ ​တွေးကြည့်လိုက်ပြီး​နောက် ​ပြောလိုက်သည်။ "ကျွန်​တော် သတင်းတစ်ခု ​တွေ့လိုက်တယ်... ကားတစ်စီး မြစ်ထဲ ထိုးကျသွားတယ်တဲ့... ကားပိုင်ရှင်ရဲ့ မျိုးရိုးက ရွှယ်လို့ ​ပြောတယ်"

"အဲ့ဒါ ကိုယ်ကားပဲ​လေ" ရွှယ်ယုံ ပြန်​ဖြေလိုက်သည်။ "ကိုယ် အဲ့ကားနဲ့ အိမ်ပြန်ဖို့ လုပ်​နေတာ"

ဖုန်းကိုင်ထား​သော ယွီနျန်၏ လက်​ချောင်းများ တင်းကျပ်သွား​လေသည်။ ရွှယ်ယုံ ကိုင်တိုင် ​ရေခဲ​တောင်၏ ထိပ်ဖျားကို ​ဖော်ထုတ်​ပြောပြလာမည်ဟု သူမထင်ထားခဲ့​ပေ။

"အရင်တစ်ခါက စုန့်ခယ်မှာ ဖြစ်ခဲ့တာနဲ့ အတူတူပဲလား"

"ဟုတ်တယ်" ရွှယ်ယုံက အကြိမ်အ​တော်ကြာ အသက်ရှုလိုက်ပြီး​နောက် နူးနူးညံ့ညံ့​​မေးလိုက်သည်။

"မင်း ဖုန်း​ပြောဖို့ အားရဲ့လား"

ရှင်းမပြနိုင်​အောင်ပင် ယွီနျန်၏ မျက်လုံးများ ရုတ်တရက် ချဥ်စူးလာရသည်။

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Tahanan ng mga kuwento. Tumuklas ngayon