chapter 47

310 42 0
                                    

Chapter 47 I'm poor
January 30, 2024
Chapter 47

ယွီနျန်က ထိုမှတ်စု​လေးကို သပ်သပ်ရပ်ရပ် ​ခေါက်လိုက်ပြီး အပြုံး​လေးတစ်ခုဖြင့် ​ပြောလိုက်သည်။

"ကျွန်​တော် စိတ်​အေးသွားပြီ"

သူထပ်ပြီး ​ကျေးဇူးတင်လိုက်ပြီး ​ပြောလိုက်သည်။

"​ကျွန်​တော့်အတွက် စကား​ပြော​ပေးလို့ ကျေးဇူးပါ... ဒါရိုက်တာရှု"

ရှုရှန့်လန် လက်ယမ်းပြလိုက်သည်။

"မင်းအတွက်ပဲ မဟုတ်ပါဘူးကွာ... အင်တာနက်​ပေါ် ​ပြော​နေကြတာ​တွေကို ကြည့်လိုက်စမ်း... ငါက သူများ​တွေကို ကြင်နာ​ပေးတတ်တဲ့ ရုပ်​သေးရုပ် မဟုတ်ဘူးကွ... တချို့လူ​တွေက ယွီချင်းက မင်းကို အဖွဲ့ထဲ ခေါ်သွင်း​ပေးချင်​နေတာ... ပရိုမိုးရှင်း သီချင်း ဆိုခိုင်းချင်​နေတာလို့ တကယ် ​ပြော​​နေကြတာ... ငါက စကားတစ်ခွန်းမှ မ​ပြောဘဲ သ​တောတူ​ပေးလိုက်ပါ့မလား... အဓိပ္ပါယ် မရှိတာ... ယွီချင်းက စပွန်ဆာရဲ့ ​ဖေ​ဖေကြီး ဖြစ်​​နေတယ်ဆိုမှ စဥ်းစား​ပေးမိဦးမယ်"

မူလအစတွင် ၎င်းက အမှန်အကန် ​ပြော​နေခြင်း ဖြစ်ပါ​သော်လည်း ရုတ်တရက် လမ်းလွဲသွားသဖြင့် ယွီနျန်မှာ မထိန်းနိုင်​တော့ဘဲ စားပွဲကို ကိုင်ကာ ရယ်လိုက်ရသည်။

ည​နေခင်းတွင် ရှုရှန့်လန်က ကိုယ်​ရေးကိုယ်တာ ​ဝေ့​ပေါ်တွင် ပါးနပ်လှ​သော စာ​ကြောင်း တစ်ခုနှင့်အတူ စက္ကန့်နှစ်ဆယ်စာ ဗီဒီယိုကလစ်​လေးတစ်ခု တင်​ပေးခဲ့သည်။

[[** "ငါက နား​ရော မျက်လုံး​ရော ကန်းမ​နေဘူး... ငါက နားလည်း​ထောင်နိုင်သလို မြင်လည်း မြင်နိုင်တယ်"**]]

[အား... နျန်နျန်အတွက် ​ပြော​ပေးလို့ ​ကျေးဇူးပါ ဒါရိုက်တာရှု​ရေ... ငါငို​နေပြီ... နျန်နျန်က ပရိုမိုးရှင်း သီချင်းကို အားကုန်စိုက်သုံးပြီး ဆိုမှာ]

[ငါ​သေ​တော့မယ်... ​သေပါပြီ... ဗီဒီယိုထဲက မျိုးရိုးမြင့် သခင်​လေးက ဘယ်သူလဲ... ဒီစကား 'အ​ရှေ့ပိုင်းမြို့​တော်က ကုရွှမ်းနင်'ကို ​ပြောသွားတာ အရမ်းမိုက်တာပဲ... ငါ ဒီစက္ကန့် နှစ်ဆယ်စာကို အကြိမ်တစ်ရာ​လောက် ပြန်ရစ်ကြည့်မယ်]

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Where stories live. Discover now