LS [11]

183 29 9
                                    

နေ့လည်ကပြောလိုက်သော ညကျရင်တွေ့ကြမယ်ဆိုတဲ့ စကားးအတွက် ထယ်ရယ်ပြင်ဆင်နေတာ လွန်ခဲ့တဲ့ တစ်နာရီလောက်ထဲက ဖြစ်သည်။ခေါက်တုန့်ခေါက်ပြန် အဝတ်လဲလိုက် ပြန်ထွက်လာလိုက် မှန်ကြည့်လိုက် သဘောမကျလိုက်နဲ့ လုပ်နေတာကတော့ ဘယ်နှစ်ကြိမ်ရှိပြီလဲဆိုတာ သူသာလျှင်သိလိမ့်မည်။

နောက်ဆုံးး စိတ်ကျေနပ်မှု အပြည့်ရသွားးတဲ့ ဝတ်စုံကတော့ All blcakကိုမှ အ‌ပေါ်ကနေ အပြာရောင်များးသောရောင်စုံအကွက် ကြဲ long coatကိုထပ်ဝတ်လိုက်သည်။ မာဖလာ အပြာနုနုလေးးကတော့ မပါမဖြစ်။
အကုန်ပြင်ဆင်လို့စိတ်ကျေနပ်ပြီဆိုမှ ဖုန်းးနဲ့ အိတ်ကိုယူကာ အခန်းးအပြင်ထွက်လာလိုက်၏။

Ti Ti Ti Ti....

ထယ်ရယ်အပြင်ရောက်တာနဲ့ ရပ်ထားးတဲ့ကားးကအဆင့်သင့်ဖြစ်နေပြီးး ထယ်ရယ်ကိုလက်လှမ်းပြနေသောကြောင့် ထယ်ရယ် တစ်ချကိပြုံးးမိလိုက်သေးး၏။

*မမှတ်မိချင်ယောင်ဆောင်နေတဲ့သူကို မှတ်မိအောင်လုပ်ပေးးမလို့*

ရုတ်တရက်ပြန်လည်ကြားယောင်လာသည့် နေ့လည်ကပြောလိုက်သော စကားးတစ်ခွန်းး
ရုတ်တရက်အပြုံးတေ ပျောက်ကွယ်သွားပြီးး အေးစက်နေတဲ့ ရာသီဥတုမှာ လက်တေမှာချွေးထွက်လာသလို ခံစားးလိုက်ရ၏။
ထယ်ရယ်ကားးပေါ်တက်မယ်အလုပ်

"လူကို ဒရိုင်ဘာများးထင်နေတာလားး။ အရှေ့မှာလာထိုင်"

အနောက်မှာထိုင်မယ့်အစီအစဉ်ကတော့ တခါတည်းးအဆုံးသတ်သွားပါပြီ။ဟုတ်တော့လည်းး ဟုတ်ပါသည် မောင်းးလည်းမောင်းပေးရသေး အနောက်မှာအခန့်သားးလိုက်စီးးတာကတော့ မဟုတ်သေးးဘူးမလား။

"ဘယ်ကိုသွားးမှာလဲဟင်"

"ဘာမှမလုပ်ပါဘူးး ဘာတေကြောက်နေတာလဲ
ဒီတိုင်းးညစာစားရုံပဲ ... ရေကြောက်တက်လား"

"ဟင်"

"ရေကြောက်တာလားးမေးးတာ ဘာလို့အဲ့လောက်လန့်သွားတာလဲ ဘာလဲ အကြောင်းးအရာတခုခုကို ပြန်တွေးးမိသွားလို့လားး"

"မဟုတ်ပါဘူး"

"အဟွန်းးး"

ထယ်ရယ် ဘေးးကတယောက်ကို လှည့်ကြည့်လိုက်တော့ လူကိုလှောင်သလိုပြုံးးနေပြန်သည်။ လှောင်ပေါ့ စိတ်ကြိုက် တခုခုပြောလိုက်ရင် အမြဲဒီအကြောင်းးအရာကိုပဲ ရောက်ရောက်သွားတာ

Love SquintsWhere stories live. Discover now