Part-6

1.3K 44 6
                                    

အခုဆို ငယ်လေးလည်း ဘော်ဒါ‌ေဆာင်မှာ နေရတာ နေသားကျလာပါပြီ။ တီချယ့်ကလေးဆိုတဲ့ အပ်နှံမှုကြောင့် ဘော်ဒါအုပ်ကလည်း အတော်လေး ချစ်ခင်ပေးခဲ့သည်။ ‌ဖေနဲ့မေကလည်း တပတ်တခါ မုန့်တွေ လိုအပ်တာတွေလာပို့လို့ ပျော်ရပါသည်။

ကလေးငယ်က သူစိမ်းတွေနဲ့ နေတာကြာတော့ နည်းနည်း လူကြီးဆန်လာသည်။နေ့လည်တိုင်း ထမင်းပုံမှန်လာစားနေကျမို့ ကျောင်းက ဆရာမတွေကလည်း ကျွန်မ ညီမလေးအရင်း လို့တောင် ထင်နေကြသည်။
"ငယ်လေး ...စာတွေလိုက်နိုင်ရဲ့လား"

"ဟုတ် လိုက်နိုင်ပါတယ်တီချယ်"

"လိုတာရှိရင် ပြောနော်"

"ဟုတ်ကဲ့ တီချယ်"
"ဟို ငယ်လေး မွေးနေ့ရောက်ရင်တော့ အဲ့ည အိမ်ပြန်အိပ်ချင်တယ် တီချယ်လာခေါ်ပေးလို့ရမလား"

"လာမယ့် သောကြာမလား တို့လာခေါ်ပေးမယ်"

"ဟီး ဟုတ်ကဲ့"
အဆိုးလေးက အခုတလော သူလိုချင်တာဆို ပေါ်ပေါ်တင်တင်ခွင့်တောင်းတတ်လာသည်။
"ငယ်လေး အခန်းထဲသွားတော့မယ်နော် ကျောင်းတက်တော့မှာမို့"

"အင်း အဆောင်မှာ ကော်ဖီတွေ တအားမသောက်ရဘူးနော်"

"ဟုတ်ကဲ့"
နေ့လည်ကျောင်းတက်ခေါင်းလောင်းထိုးတော့မှာမို့ ငယ်လေး အခန်းထဲပြန်လာရတော့သည်။
နဒီနဲ့ ဟိန်းက ငယ်လေးအတွက် အမြဲ မုန့်ဝယ်ပေးထားတတ်သည်။
"ယွန်း... ရော့ နင့်အတွက်ဝေစု"

"Thank you နဒီ"
"ဆရာမ ဝင်တော့မှာ စာအုပ်ထုတ်တော့ မုန့်က ညနေနားမှ စားတော့"

"ခိုးစားလို့ရတယ်ဟဲ့ အေးဆေး"

"ငါတော့ကြောက်တယ် တော်ပြီ"
အဖွဲ့ထဲမှာ ဟိန်းက စော်ငမ်းတတ်သူဖြစ်ပြီး နဒီက အစားတလိုင်းပါ ငယ်လေးကတော့ တီချယ့်ကိုကြောက်ရသူပေါ့....

ဒီလိုနဲ့ သောကြာနေ့ကိုရောက်လာပါတော့သည်။
"Happy Birthday ယွန်း မုန့်ဈေးတန်းမှာ ကျွေးမယ်မဟုတ်လား"

"အေး ကျွေးပါ့မယ်ဟ"

"ဟက်ပီးဘက်ဒေးနော် ယွန်း ငါနဲ့ နဒီကို ဘာကျွေးမှာ"

"ကျောင်းမှာ စားချင်တာစားဟေ့"
"အခုတော့ ကျောင်းသွားစို့ ဟိုမှာ ငါတို့ကို စောင့်ရလို့ ဂိုက်အစ်မတွေ မျက်စောင်းက ပြာကျသွားနိုင်တယ်"

မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာWhere stories live. Discover now