ကျောင်းပိတ်ရက်ရောက်တော့ ကျွန်မ မြို့ကို ပြန်ဖြစ်ခဲ့တယ်။အရင်က ကလေးငယ်ရှိတော့ သိပ်မပြန်ဖြစ်ပေမယ့် အခု သူမရှိတဲ့ ရပ်ဝန်းမှာ ကျွန်မနေရတာ မပျော်ဘူးလေ ဒါကြောင့် ပိတ်ရက်ရတိုင်း ပြန်ပို့ ကျွန်မစိတ်ကူးထားသည်။
"ဖေဖေ""ပြော...သမီး"
"သမီး ပြောမယ့်ဟာ ဖေဖေလည်း သိတာပဲကို"
"ငါ့သမီးက ကျောင်းဆရာမ တစ်ယောက်လေ သူ့တပည့်နဲ့ လက်ထပ်လိုက်တာ ဘယ်ကျောင်းက လက်ခံမလဲ နောက်ပြီး မီးငယ်ကရော သူ့သူငယ်ချင်းတွေရှိတဲ့မြို့ကို ဘယ်စိတ်နဲ့ပြန်လာနေရဲမလဲ"
"ကျွန်မ ကျောင်းထွက်လိုက်မယ်ဖေဖေ ပြီးတော့ ငယ်လေး ကျောင်းတက်တဲ့ မြို့မှာ ကျွန်မတို့ နှစ်ယောက် အတူသွားနေမယ်"
"စကားတစ်ခုကို စဉ်းစားပြီး ပြောစမ်း"
"ငါဘယ်လိုမှ သဘောမတူဘူးနော် အတင်းဇွတ်တိုးနေမယ်ဆိုရင် ငါ့ကို အဆက်အသွယ်ဖြတ်လိုက်""သားအဖတွေ တော်လိုက်တော့!
အခုကိစ္စ အဲ့လို တစ်ယောက်တစ်ခွန်း စကားများနေလို့ ပြီးတာမှ မဟုတ်တာ"
ကျွန်မလည်း စဉ်းစားပေးမယ်တောင် မပြောနိုင်တဲ့ ဖေဖေ့ကို စိတ်ဆိုးမိတာနဲ့ အရင်လို သမီးလို့တောင် မသုံးမိဘဲ ကျွန်မလို့ တမင်ထည့်သုံးပစ်လိုက်သည်။မေမေကလည်း ရိပ်မိသွားတဲ့ပုံပါပဲ...
"သမီးပြန်မယ်မေမေ "
"ဖေဖေ စိတ်မပြောင်းသေးသ၍ သမီး ဒီအိမ် ပြန်မလာဘူး""ကြွကြွ ငါလည်းမတားဘူး"
"ဖေကြီး ကျွန်မဒီလောက်ပြောနေတာ နားမလည်ဘူးလား"
"သမီး ပြန်ချင်သပဆိုလည်း ပြန်ပါ စိတ်အေးအေးထားပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို သေချာစဉ်းစားဆုံးဖြတ်ပါ""ဟုတ်ကဲ့မေမေ"
ကျွန်မ တာဝန်ကျတဲ့ မြို့ကို ပြန်လာခဲ့သည်။ ကျွန်မစိတ်ကူးထဲအတွေးတစ်ခုဝင်လာတော့ ငယ်လေးတို့ အိမ်ကို အရဲစွန့်ပြီး လာခဲ့သည်။
"ဪ...သမီး လာလေ ဦးလေးလည်း ရှိတယ် ဝင်အထဲ""ဟုတ်ကဲ့အန်တီ"
"ဦးလေး ကျွန်မ ပြောစရာရှိလို့"
"ပြောလေ...နားထောင်နေပါတယ်"
"ပြောစရာဆိုတာထပ် အကူအညီတောင်းစရာရှိတာပါ ဦးက ဖေဖေ့ ငယ်သူငယ်ချင်းဆိုတော့"
YOU ARE READING
မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာ
Short Storyတီချယ်သာ ဆုံးမမယ်ဆို လိမ္မာမယ့် ကလေးတစ်ယောက်မို့ ငယ်ကို ပစ်မသွားပါနဲ့နော်.... အဆိုးလေးကိုမို့ပေးမိတဲ့ အချစ်တွေကြောင့် တို့ကို အထင်သေးသွားမလားဟင်......