Part-11

1.3K 40 0
                                    

မ ကတခါမှ မမြင်ဖူးတဲ့ အလှတရားမျိုးနဲ့ လှနေပြန်သည်။ ဒီအမျိုးသမီးက ဘယ်အချိန်ကတည်းက ငယ့်ရင်ထဲ ခိုအောင်းသွားတာပါလိမ့် သိပ်မြတ်နိုးရပါသည်။

မြန်မာဝတ်စုံနဲ့ သိပ်မတွေ့ဖူးတဲ့ အဆိုးလေးကတော့ အခုတော့ ကျွန်မ အပိုင်ဖြစ်လာတော့မှာမို့ ပိုချောပြီး လူကြီးပေါက်စလေးလို ဖြစ်နေသည်။

"မ...အဲ့လိုပဲ စိုက်ကြည့်နေတော့မှာလား"

 "ခဏနေ ဘုန်းကြီး‌တွေ ကြွလာတော့မယ်"

"အင်းပါ မ အကုန်ပြင်ပြီးပြီ မေမေကလည်း လိုအပ်တာအကုန်လိုက်လုပ်ပေးပြီးသား"

"ငယ်က အရမ်းလှနေတော့ တို့ငေးကြည့်ချင်နေမိတာပေါ့"

"အိမ်ရောက်မှကြည့် ငယ့်ကို မ ပိုင်နေပြီပဲလေ"

"ဟုတ်ပါပြီရှင်"

"ယွန်း! တီချယ်!"

‌"ဝေ့ ရောက်လာကြပြီလား"

"ဒါက လက်ဖွဲ့"

"အေအေ ဒံပေါက်အဝစား‌ကြနော်"

"စိတ်ချ"

"နင့်ကိုတော့ ယုံတယ် နဒီရေ..."

"ဟိန်း နင်လည်း စားနော်"

"‌ပွဲပြီးမှပြန်ကြ"

"Ok ပါ"

------

ပွဲပြီးသွားတော့ တိုက်ခန်းမပြန်ခင် နှစ်ဖက်မိဘတွေ ကန်တော့ကြသည်။

"ဖေဖေ့ သည်းငယ် ပျော်အောင်နေနော် မင်းတီချယ်ကိုလည်း မဆိုးနဲ့ သမီးလည်း ဦး သမီးကို ဂရုစိုက်ပါ"

"ဟုတ်ကဲ့ ဖေဖေ"

"မေမေတို့ဆီ အမြဲလာနော် လိုအပ်တာရှိရင်လည်း အားမနာဘဲ လာပြောလှည့်နော် ငယ်လေးရော သမီးရော"

"ဟုတ်ကဲ့ မေမေ"

"သာယာတဲ့ အိမ်ထောင်ရေးတည်ဆောက်နိုင်ကြပါစေကွယ် နှစ်ယောက်လုံးပျော်ရွှင်ဖို့ ဆုတောင်းပေးပါတယ်"

"ဟုတ်ကဲ့ပါ မေမေ ပေးတဲ့‌ဆုနဲ့ပြည့်ပါစေ"

ဖေဖေတစ်ယောက်တည်း ဆုပေးဖို့ ကျန်နေပေမယ့် တခွန်းမှ ဟမလာပါ။

"ကိုမျိုး"

"ဆုတွေက ပြည့်စုံနေပြီပဲလေ ပင်ပန်းနေပြီမလား ပြန်နားကြတော့"

မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာWhere stories live. Discover now