၁နှစ်ခန့်ကြာသောအခါ....
"ငယ်...တို့ဗိုက်နာနေပြီ"
"လာ..လာ ငယ်အိမ်သာတွဲပို့မယ်"
"အိမ်သာမသွားချင်ဘူး"
"ဟင်!ဒါဆို ဆေးသောက်မလား နေဦး မေမေ့ကို ဖုန်းဆက်ဦးမယ်"
"ပြီးမှ ဆက်တော့ငယ်...မ ကိုအရင်ဆေးရုံပို့ပေးတော့"
"Ok ok ခဏလေးနော် စောင်လေးဘာလေး ထည့်ဦးမယ်"
"မြန်မြန်နော်! တို့ဗိုက်အရမ်းနာနေပြီ"
မရဲ့ နာကျင်မှုအသံကြားရတာ ငယ်စိတ်မချမ်းသာလှပါ ငယ်လည်း မျက်လုံးထဲ တွေ့ရာ အကုန်ကောက်ထည့်ပြီး ပြနေကျ ဆေးရုံသို့ မောင်းနှင်လာခဲ့သည်။
"ငယ်... တို့ကိုယုံနော် မေမေတို့ကို ဖုန်းဆက်ပြီးခေါ်လိုက် တို့ကျန်းကျန်းမာမာနဲ့ ကလေးလေးကို ခေါ်လာခဲ့မယ်"
"ဟင့်... ငယ်စိတ်ချမယ်နော် ငယ်စောင့်နေမှာမို့ ငယ့်ဆီ မြန်မြန်ပြန်လာနော်"
သူကချည်း ဦးအောင်ငိုနေလို့ ကျွန်မမှာ ဗိုက်နာတာနောက်ထား သူ့ကိုအရင်အားပေးရသေးသည်။ တော်တော်အားကိုးရတဲ့ ကလေးပေါက်စပါတဲ့ ဒီလိုမှန်းသိရင် မေမေအိမ်လာနေမယ့် ကိစ္စ စောစောကတည်းက လက်ခံမိမှာ သူစိတ်ကျဉ်းကျပ်မလားဆိုတဲ့စိတ်နဲ့ မေမေ သူငယ်ချင်းနဲ့သာ ပျော်အောင်နေပါဆိုပြီး ငယ့်အိမ်မှာထားဖြစ်ခဲ့သည်။
"မေမေ့ကို ဖုန်းခေါ်ပြီးစောင့်နော်"
"ဟုတ်ကဲ့"
အူကြောင်ကြောင်လေးက ကျွန်မကို ဆရာမလေးတွေ လာခေါ်တဲ့ထိ ကုတင်ဘေးမှာ ငူငိုင်ငိုင်ဖြစ်နေလို့ မှာခဲ့ရသေးသည်။
"ဟယ်လို...ကလေးငယ်"
"ဟယ်လို မေမေ ဟင့်..မ ..မလေ"
"အွန်း သမီးဘာဖြစ်သလဲ စိတ်အေးအေးထားပြီးပြောစမ်းကွယ် မေမေရင်ပူတယ်"
"မကို ခွဲခန်းထဲခေါ်သွားကြပြီ"
"မေမေ လူကြီးတွေခေါ်ပြီး လာခဲ့မှာမို့ မငိုဘဲ စောင့်နေနော်... မေမေအခုလာပြီ"
"ဟုတ်ကဲ့"
ခဏအကြာမှာတော့ မေမေတို့ ရောက်လာကြသည်။ဖေဖေကတော့ ရုံးမဆင်းသေးလို့ ဦးကိုလည်း ဖုန်းဆက်အကြောင်းကြားထားပြီး ညနေ တူတူလာခဲ့မယ်ဟုပြောသည်။
YOU ARE READING
မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာ
Short Storyတီချယ်သာ ဆုံးမမယ်ဆို လိမ္မာမယ့် ကလေးတစ်ယောက်မို့ ငယ်ကို ပစ်မသွားပါနဲ့နော်.... အဆိုးလေးကိုမို့ပေးမိတဲ့ အချစ်တွေကြောင့် တို့ကို အထင်သေးသွားမလားဟင်......