အဆိုးလေးက အခုဆို ဆယ်တန်းအောင်ပြီလေ သွားချင်တဲ့ တက္ကသိုလ်ကို ရွေးချယ်ပြီး သွားခွင့်ရတော့မည်။ ဂုဏ်ထူး ၃ဘာသာပါတဲ့ အဆိုးလေးကို ကျွန်မနဲ့ သူ့အိမ်နဲ့ ပေါင်းပြီး ဂုဏ်ပြုပွဲလုပ်ပေးသည်။
ညနေကျ အဆိုးလေးက သူငယ်ချင်းတွေနဲ့ အပြင်သွားဖို့ ခွင့်တောင်းတော့ ကျွန်မလည်း ပျော်စေချင်တာနဲ့ ထည့်ပေးလိုက်သည်။
"စောစော ပြန်လာခဲ့နော် ငယ်လေး"
"ဟုတ်ကဲ့ တီချယ်"
ကျွန်မအိမ်မှာ သူဆယ်တန်းစာမေးပွဲဖြေပြီး ကတည်းက ကြိမ်လုံးတွေ ကြက်မွှေးတွေ မထားတော့ပါ။ ပါးစပ်နဲ့ပဲ သူနားလည်အောင် ဆုံးမရှင်းပြခဲ့သည်။ ဒါကြောင့်လည်း သူဟာ ကျွန်မအိမ်မှာ လာနေရတာ ပိုပျော်သည်ဟု ပြောတတ်သေးသည်။
"ယွန်း!"
"သောက်မယ်မဟုတ်လား"
"ငါမဖြစ်ဘူးထင်တယ် တီချယ်မကြိုက်ဘူးဟ"
"တီချယ်နဲ့ မင်းနဲ့ ငြိမ်းချမ်းရေးရတာ ကြာပြီမလား"
"မများပါဘူး ငါတို့လည်း အပျော်တမ်း ခုမှ စမ်းသောက်ကြည့်မှာပဲဟာ"
"အေးလေ နည်းနည်းလောက်သောက်ရုံနဲ့ တီချယ် သတိမထားမိလောက်ပါဘူး"
အရင်လို နဒီနဲ့ ဟိန်းတင်မကတော့ ဘော်ဒါက သူငယ်ချင်းတသိုက်နဲ့ပါ စုမိသည်မို့ လူငယ်ပီပီ စားကြသောက်ကြသည်။ အရမ်းငယ်သေးတာမို့ spy လောက်သာ သောက်ကြသည်။ ကောင်လေးတွေကတော့ စီးကရက်ပါ စမ်းကြသည်။
ပထမဆုံးအကြိမ်သောက်ဖူးတာမို့ ခါးသလိုလိုတော့ ရှိသည်။ မျက်နှာအနည်းငယ် နီလာပြီလို့ သူငယ်ချင်းတွေက စကြသေးသည်။ ဒါကို ဘော်ဒါက တစ်ယောက်က ဘီယာ ရောပြီး တခွက်တိုက်သေးသည်။
"ငါ ပြန်ချင်ပြီ ခေါင်းလည်း ကိုက်တာလား မူးလား မသိတော့ဘူး"
"ငါတို့လည်း ပြန်တော့မယ် ဒါဆို ယွန်းကို ပို့ပြီး ပြန်တော့မယ်"
"အေအေ"
နဒီနဲ့ ဟိန်းက သူငယ်ချင်းကောင်းပီသ ပါသည်။ မူးနေတဲ့ ငယ်လေးကို လမ်းမှာ အမူးပြေအောင် အမျိုးမျိုး လုပ်ပေးကြသည်။ လက်ထိုးပြီး အန်ခိုင်းသူက အန်ခိုင်း သံပုရာရည် တိုက်သူကတိုက်နဲ့ တတ်စွမ်းသလောက် လုပ်ပေးနေကြသည်။ တီချယ် တိုက်ခန်း ရှေ့ရောက်တော့ ဘဲလ် တီးပေးပြီး နှစ်ကောင်သား ပြေးသွားကြတော့သည်။ သူတို့လည်း တီချယ့်ကိုတော့ ကြောက်ကြသည်။
YOU ARE READING
မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာ
Short Storyတီချယ်သာ ဆုံးမမယ်ဆို လိမ္မာမယ့် ကလေးတစ်ယောက်မို့ ငယ်ကို ပစ်မသွားပါနဲ့နော်.... အဆိုးလေးကိုမို့ပေးမိတဲ့ အချစ်တွေကြောင့် တို့ကို အထင်သေးသွားမလားဟင်......