အခန်း(၃)🚫🚫

253 10 0
                                    

ကျွန်တော် ဆေးရုံကို ထပ်မသွားဖြစ်ခဲ့တော့..။ သုံးနှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဘလန်းန်နဲ့ရော..ဒေါက်တာနဲ့တွေ့ဆုံမှုတွေကိုပါ ကျွန်တော် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်..။ အဲ့ဒီအခန်းထဲပြန်ဝင်ရမယ်ဆိုတာကို ကျွန်တော် ရင်မဆိုင်နိုင်..၊ သူ့အခန်းကြမ်းပြင်ပေါ်မှာ စွန်းပေစေခဲ့တဲ့ အဲ့ဒီအကွက်..၊ အဲ့ဒီအရာကို ပြန်မြင်ရမယ်ဆိုတဲ့အချက်ကို ကျွန်တော်  မျက်နှာချင်းမဆိုင်ရဲ..။ ပြီးတော့ သူ့မျက်နှာပေါ်မှာ...၊ သူ့နှလုံးသားပေါ်မှာ ကျွန်တော် စွန်းပေခဲ့တဲ့ အရာကို ပိုလို့တောင်မှ..။

အဲ့ဒီကြမ်းပြင်ကို  ရေတောင်မရောထားတဲ့ ချွတ်ဆေးတွေလောင်းချပြီး အကွက်လိုက်ဖြစ်အောင်သူလုပ်ပစ်လိုက်တာကျွန်တော်ယုံတောင်မယုံနိုင်..။ စိတ်တိုသည်..။ သူ့လုပ်ရပ်က ကျွန်တော့်ကို ထိတ်လန့်စေတာကိုလည်း စိတ်တိုလှသည်..။ ကျွန်တော်သာ အရမ်းခေါင်းမမာခဲ့ရင်..ကျွန်တော်သာ အတင်းငြင်းဆန်..၊ လက်မခံနိုင်လောက်အောင်ဖြစ်မနေခဲ့ရင်..ဒီတိုင်း..ဒီတိုင်းလေးပဲ..အဲ့ဒီကြမ်းပြင်ကိုရော..၊ သူ့ခံစားချက်တွေကိုရော..၊ ကျွန်တော့် မာနသိက္ခာတွေရော.အားလုံးကို ဒီတိုင်းလေး ကယ်တင်နိုင်ခဲ့မှာ..။

အဲ့ဒီအကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း ကျွန်တော်ပါးပြင်တွေရဲတက်လာရသည်..။ အရူးတစ်ကောင်လိုမျိုး မိမိကိုယ်တိုင်ရဲ့ စိတ်ပူပန်မှုတွေ..၊ ကိုယ့်ဒေါသတွေ..၊ ကိုယ့်ဘာသာကိုယ်ပိတ်မိနေတဲ့အတွေးတွေ..အဲ့ဒီအရာတွေကြောင့် အခြေအနေတွေကို ပိုမိုကောင်းမွန်အောင် မကိုင်တွယ်နိုင်ခဲ့တာမလား..။ 

အခုလည်း အိပ်ရာထဲမှာ ခွေနေခဲ့တာ သုံးရက်တိတိရှိပြီဖြစ်ပြီး ရေအိမ်သွားချိန်ကလွဲလို့ လုံးဝကိုနေရာမရွှေ့ဖြစ်..။ ဒီသုံးရက်အတွင်း အေးစက်နေတဲ့ ပေါင်မုန့်မီးကင် နှစ်ချပ်သာစားကြည့်ခဲ့ပေမယ့် ဗိုက်ထဲရောက်အောင်ထိတော့မတတ်နိုင်ခဲ့..။ ကိုယ့်ကိုယ်ကို ပြန်သနားစိတ်ဆိုတဲ့ နွံထဲမှာလူးလိမ့်နေတာဟာ သိပ်ကောင်းလွန်းတဲ့အရာမျိုးမဟုတ်ပေမယ့် အဲ့ဒီနွံထဲကရုန်းထွက်ဖို့တော့ ကျွန်တော်မတတ်သာခဲ့..။

အချစ်နဲ့စစ် (ဘာသာပြန်) [Completed]Where stories live. Discover now