အခန်း (၅) ဇာတ်သိမ်း

201 16 1
                                    

စစ်ကြီးပြီးသွားတာအတော်ကြာမြင့်ခဲ့ပြီဖြစ်သည်..။ ဆေးရုံမှာ ကျွန်တော် သူနဲ့ စတင်ဆုံဆည်းခဲ့ရသည်မှာ..၊ ပထမဦးဆုံးအကြိမ် သူ့ကို မြင်တွေ့ခဲ့ရသည်မှာအတော်ပင်ကြာညောင်းခဲ့ပြီ..။ ဘုရားကျောင်းကို ကျွန်တော်မသွားဖြစ်တော့တာလည်း အတော်ကြီးကြာခဲ့ပြီ..။ ကမ္ဘာကြီးကပြောင်းလဲသွားခဲ့ပြီဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း အလားတူစွာပြောင်းလဲခဲ့ပြီဖြစ်သည်..။

၁၉၂၀ ခုနှစ်ရဲ့ ကုန်ခဲလှတဲ့ ဒီဇင်ဘာလတွင် ကျွန်တော့်ကိုမွေးဖွားခဲ့သည်..။ အဲ့ဒီတုန်းက လေတွေအရမ်းထန်နေခဲ့ပြီး နှင်းမုန်တိုင်းကြီးတိုက်ခတ်နေခဲ့သည်ဟု အမေက ပြောပြခဲ့သည်..။ ရာသီဥတု အခြေအနေဆိုးရွားလွန်းတာကြောင့် မီးဖွားမည့်မိခင်အများစုက အိမ်မှာပဲမွေးဖွားဖို့ရွေးချယ်ကြတာများသည်တဲ့..။ ဆေးဝါးအထောက်အကူစုံလင်ပြီး ကျွမ်းကျင်သမားတော်များစွာရှိနေမည့် ဆေးရုံကို သွားဖို့ရာ အလွန် အန္တရာယ်များလှတာကြောင့်ဖြစ်၏..။ အမေ့ကို မွေးဖွားပေးဖို့ ရောက်လာကြတဲ့ လက်သည်များပြန်ပြောပြချက်အရ ဒီလောကကြီးထဲကို ကျွန်တော် လုံခြုံစိတ်ချစွာရောက်ရှိလာနိုင်ဖို့ အမေက မုန်တိုင်းကိုရော..နှင်းထုကိုရော..မိုးသည်းသည်းကိုရော.. ရင်ဆိုင် အန်တုခဲ့သည်တဲ့..။ ကျွန်တော်က ထူးခြားတဲ့ လူသားတစ်ဦးဖြစ်လာမယ်ဆိုတာ အမေသိခဲ့သည်ဟု အမေက ကျွန််တော့ကိုပြောပြခဲ့၏..။ အမေပြောတာ တကယ်လည်းဟုတ်လောက်မည်ဟု ကျွန်တော်ထင်ပါသည်..။

ပြီးခဲ့တဲ့ နှစ်အတန်ငယ်လောက်ကပဲ စစ်အတွင်းမှာ ဘယ်လိုတွေ ဖြစ်ပျက်တွေ့ကြုံခဲ့ရကြောင်းတွေကျွန်တော်ပြောပြနေခဲ့သေး၏..။ အဲ့ဒီအချိန်တုန်းက အရာရာတိုင်းဟာ နာကျင်စရာတွေအပြည့်နဲ့သာဖြစ်ခဲ့၏..။  လိင်တူဆက်ဆံတဲ့ ပြစ်မှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံခဲ့ရတဲ့ အသိမိတ်ဆွေတစ်ယောက်ဆိုလျင် ထောင်ထဲမှာနှစ်တွေမရေတွက်နိုင်အောင် နေခဲ့ရပြီးနောက်ဆုံးမှ ပြစ်ဒဏ်ကနေ ကင်းလွတ်ပေးခြင်းခံခဲ့ရသည်..။ သို့ပေမယ့် နောက်တစ်နှစ်အကြာမှာတော့ ပြင်ပလောကကြီးမှာ မရှင်သန် မရပ်တည်နိုင်တော့ဘဲ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့သည်..။ ပြစ်မှုကနေလွတ်ငြိမ်းခွင့်ရခဲ့ပေမယ့် သူ့အတွင်းစိတ်ဒဏ်ရာက ဘယ်တော့မှ အနာမကျက်သွားခဲ့..။ ၁၉၆၇ ခုနှစ်မှာ ပြဌာန်းလိုက်တဲ့ လိင်ပိုင်းဆိုင်ရာပြစ်မှုအက်ဥပဒေအရ လိင်တူတစ်ယောက်ဖြစ်ခြင်းဟာ ပြစ်မှုတစ်ခုမဟုတ်တော့ပေမယ့်..သူ့ကိုတော့ ကလေးသူငယ်တွေအပေါ်မှာ လိင်စိတ်ရှိသူတစ်ယောက်အဖြစ် လူတွေကရှုမြင်နေကြသေးကာ..အဲ့ဒီအမြင်အတွက် သူ့ကို လုံလောက်အောင်အပြစ်ပေးခဲ့ပြီးတာတောင်မှ သူ့ခမျာအဲ့ဒီအမြင်တွေနဲ့ နေ့စဉ်နဲ့အမျှ အသက်ရှင်ခဲ့ရသည်..။

အချစ်နဲ့စစ် (ဘာသာပြန်) [Completed]Where stories live. Discover now