part-2

380 27 9
                                    

မနက်ရောက်တော့ နေဇာနီ တစ်ယောက်
ညကအဖြစ်ပြတ်ကိုစဉ်းစားနေပီး သူကိုသာ
အဲလူက မိသွားရင် ဘာများလုပ်မလဲပေါ့
စားပွဲခုံမှာထိုင်ရင် သူအမေ ဒေါ်နီနီဝင်း
ပြင်ပေးထားတဲ့ထမင်းကြော်ကိုလဲမစားချေ
ဒေါ်နီနီဝင်းက သူသားဘာဖြစ်နေလဲစို့ပြီး
မေးလေသည်။

"ဟဲ နေဇာနီ ဘာဖြစ်နေတာလဲ၊
ဘာမှလဲမစားဘယ် ဘာကိုစဉ်းစားနေတာလဲ"

နေဇာနီတစ်ယောက် သူအမေပြောတာမကြားဘဲသူအတွေးနဲ့သူရှိနေသည်။

၊ညကငါကိုမမိလို့တော်သေးတယ် မိသွားရင်ငါကို
အဲလူသတ်သမားက သတ်ပစ်မှာ ဒီညတော့
မိဝိုင်းအိမ်မှာ ရုပ်ရှင်သွားမကြည့်တော့ဘူး၊
နောက်တစ်ခါ ထပ်လိုက်လို့ မိသွားရင် ဒုက္ခ ပဲ၊

"ဟဲ နေဇာနီ ငါမေးတာလဲဖြေဦး၊
ကဲ ဒီကလေး နဲ့ ဘာကိုအဲ့လောက်
စဉ်းစားနေတာလဲ"

ဒေါ်နီနီဝင်း အသံကျယ်ကြီးနဲ့အော်လိုက်မှ
နေဇာနီ တစ်ယောက် အသိပြန်ဝင်လာကာ

"ဘာမှမဖြစ်ပါဘူးအမေ
ကျောင်းစာ နဲနဲစဉ်းစားနေတာ"

"ဟုတ်လို့လား နင်ချစ်သူရီးစား ရှိနေတာလား၊
နေဇာနီ အမှန်တိုင်းဖြေနော် "

"ဟား မဟုတ်တာ အမေကလဲ၊
သားကအမေကိုတောင့်
မလုပ်ကျွေးရသေးဘူး ရီးစားက ထားစရာလား"

" ဟုတ်ပါပီး မရှိဘူးစို့လဲ
ပီးတာဘယ်"

"အမေမုန့်ဖိုးပေး၊
သားကျောင်းသွားတော့မယ်"

"ရော့ ဒီနေ့ 500ယူသွား "

500စို့တော့ နေဇာနီ တစ်ယောက်မနေ့ကလို့
မျက်နှာက မဲ့ မနေဘယ် ပြုံးစိစိလုပ်ကာ
ကျောင်းသို့သွားလေသည်။

ကျောင်းရောက်သောအခါ
ဒေါ်ကြင်အေး ရဲ့ မုန့်ဆိုင်မှာ မုန့်ဝယ်ကာ
သတင်းတစ်ခုကြားရပြန်၏

"မနေ့ညက မောင်မြတ်သူလင်း
ပျောက်သွားတယ်စို့ "

"အေး ဟုတ်တယ် ၊
မနေ့က ကိုဘစိုင်းအလောင်းကို လာပစ်သွားတဲ့
သူဘဲဖမ်းသွားတာတဲ့မြတ်သူလင်း အိမ်ရှေ့က
cctvကနေတွေ့လိုက်တာ"

"သနားပါတယ် မြတ်သူလင်း ဟယ် တစ်ခုခုဖြစ်သွားရင် ဒေါ်ထား ရင်ကျိုးမှာ"

လူသတ်ကောင်မယားWhere stories live. Discover now