part-11

218 13 0
                                    

ဒေါ်ခိုင်ခိုင်စိုး စားပွဲခုံတွင် ဝင်ထိုင်တာနဲ့
ဦးဘစိုင်းသည် အိမ်ရှေ့သို့ ရောက်ချလာပြီး
ဒေါသထွက်နေသည် ပုံစံဖြင့်
ဦးသူရမောင် အိမ်ထဲသို့ ဝင်ခဲ့သည်။

" ခိုင်ခိုင်စိုး "

ဒေါ်ခိုင်ခိုင်စိုးနဲ့ ရှိနေတဲ့သူ အားလုံးက
ဦးဘစိုင်း ဘက်သို့လှည်ကြည့်လာကြသည်။
ဦးသူရမောင်က ဦးဘစိုင်း ကိုတွေ့တာနဲ့
ညကဖြစ်ကြသည် ရန်ပွဲ ကို
မေးတော့သည်။

" ဟျောင့် မင်းဘာတွေဖြစ်နေတာ
ညက ဘာလို့ ခိုင်ခိုင် ကို ရန်စတာလဲ "

" ငါကဘာ ရန်စလိုလဲ
ဒီမိန်းမ ငါကို ပါးရိုက်ပီးပြေးသွားတာ"

" ရှင် မဟုတ်တာမပြောနဲ့
ရှင်ညက ကိုသူရမောင်နဲ့ ကျွန်မနဲ့ကို
မဟုတ်တာတွေ့ စွတ်စွဲခဲ့တာလေ"

" စကားများနေဖို့ အချိန်မရှိဘူး
မင်းခုငါနဲ့လိုက်ခဲ့ "

"မလိုက်နိုင်ဘူး
ရှင်နဲ့လိုက်ရင် ကျွန်မကို ရှင်နှိပ်စပ်ဦးမှာပဲ"

"ဟား ဒီမိန်းမကွာ "

" ဟျောင့် ဘစိုင်းတော်တော့
မင်းဘာတွေ့ဖြစ်နေတာလဲ
ဘာလို့အဲ့လောက်ဒေါသ ထွက်နေတာလဲ"

" မင်းနဲ့မဆိုင်ဘူး မင်းအေးဆေးနေ"

ရှိန်သူရမိုး နဲ့ ဒေါ်မြမြမိုးတို့ကတော့
ဒီတိုင်းတာ ကြည့်နေမိသည်။
ဘာမှလဲ လုပ်ပေးမနိုင်တာမို့
ရပ်ကြည့်နေပေမဲ့ ဦးဘစိုင်း တစ်ခါတစ်ခါ
ပြောသည် စကားတွေ့က
စိတ်တိုချင်စရာကောင်းနေသည်မို့ ဝင်ပြောချင်စိတ်တော့ဖြစ်သည်။

" ဟျောင့် မင်းပိုက်ဆံ လို့ချင်တာမလား
ငါပေးမယ် ရန်ထပ်မရှာနဲ့တော့ "

ဦးဘစိုင်းသည် ပိုက်ဆံအိတ်ကိုမြင်တာနဲ့
ဒေါသကပြေးသွားပီး ငြိမ်နေလိုက်၏
ဦးသူရမောင်ကတော့ ပိုက်ဆံအိတ်ထဲက
ပိုက်ဆံတွေ့ကို ထုတ်ပေးလိုက်သည်။

" ရော့ 1သိန်း
ဒါချေးတာမဟုတ်ဘူး
မင်းခိုင်ခိုင် ကို ရန်ထပ်မရှာနဲ့"

"ကိုသူရမောင် ပေးစရာမလို့ဘူး
အဲ့ကောင်မျိုးကို ပေးရင် ပိုက်ဆံက
လောင်းစရာဝိုင်းကို ဘယ်ရောက်မှာ "

လူသတ်ကောင်မယားWhere stories live. Discover now