{ 6. } 🥀 U / Z
540 15 2
( Zawgyi....... )
"တစ်ကယ်......ငါကလည်း အင်နိုးဆက် လေးတွေကိုမှသဘောကျတာ ရှင်းရှင်းပြောရရ ရည်းစားတော်ချင်တာ ဟီးးးးးချစ်စရာလေးး "
"မင်းဆက် နင်တော်တော်ဖြစ် ငါ့သားလေးက နင်မွေးမှနင့်သားအရွယ်လောက်ပဲရှိတာနော်........."
"မိသက်ထား ပုကျိလေးနဲ့ ငါ့ကိုမိတ်ဆက်ပေးအုံးလေ..."
"ဟဲ့ နင်ဘလိုခေါ်လိုက်တယ် "
"ပုကျိလေး လို့ခေါ်လိုက်တာလေ ငါအသည်းယားလွန်းလို့ပါကွာ..."
"နင်ကတော့ ငါထိန်းလို့ရတော့မှာမဟုတ်ဘူး......
ဒါက ငါ့သား သျှားနေရီ တဲ့........"
"အော် ပုကျိလေးနမည်က လျှားနေရီတဲ့လား နမည်လေးကော လူလေးကော ချစ်စရာလေး အသည်းယားတယ်အဟုတ်"
"ဟေ့ လူကြီးနော် ဘာကိုပုကျိလေးလည်း ပုကျိလေး မဟုတ်ဝူး ကျနော်နမည်က သျှားနေရီ သျှားလို့ပဲခေါ် ပုကျိလေး လို့မခေါ်နဲ့မကြိုက်ဘူး....."
"ကိုယ့်ရဲ့ ပုကျိလေးကနှုတ်ခမ်းလေးဆူပြီး မျက်ဆောင်းလေးထိုးတာရလည်းချစ်စရာလေးနော် ကိုက်စားပြစ်ချင်လာပြီ"
"မားရေ လုပ်ပါအုံး သားကိုအဲ့လူကြီးက ကိုက်စားဖြစ်မလို့တဲ့ အဟင့်......"
"မားသားလေးကိုဘယ်သူမှ ကိုက်စားလို့မရပါဘူး သားဘေးမှာ မားတစ်ယောက်လုံးရှိတယ်........"
"ပုကျိလေးငိုနေတာလား ကိုကစနေတာပါကွာ.."
"လာပြန်ပြီ ဘာကိုပုကျိလေးလည်း ကျနော့်နမည်က သျှားနေရီ ပုကျိလေးမဟုတ်ဝူး "
"ဘါပဲဖြစ်ဖြစ် ကိုယ် ကတော့ပုကျိလေးလို့ခေါ်ရတာလေးကိုပဲသဘောကျတယ်......ပုကျိလေးလို့ပဲခေါ်မယ်နော်...."
"သားရယ် သူကဆေးမမှီတော့ဘူး သွားပြောမနေနဲ့......ထားလိုက်တော့ သူ့ဘက်သာသူခေါ်ချင်သလိုခေါ် ပလေ့စေ"
"ဟဲ့ မင်းဆက် မှောင်လည်းမှောင်နေပြီဆိုတော့ ငါတို့ပြန်တော့မယ် တော်ကြာကိုကြီးစိတ်ပူနေအုံးမယ်......"
"အေးလေအဲ့ဆိုလည်း နင်ပြန်တော့လေ ပုကျိလေးကိုတော့ ငါ့အိမ်မှာသိပ်ထားခဲ့ပါလား.."