{ 7. } 🥀 U / Z
506 15 2
( Zawgyi.........)
"ခလေး ဦးချက်ထားတာစားလို့ရောကောင်းရဲ့လား မကြိုက်တာလေးတွေရှိရင် ဦးကိုပြောနော် ခလေးကြိုက်တာလေးတွေပဲရွေးချက်ပေးမယ် ခလေးကဘာကြိုက်တက်လည်း ဦးကိုပြောပြနော် ဦးသိထားချင်လို့"
"အင်း ညီမလေးကတော့ ငါးဟင်းမကြိုက်ဘူး"
"မိသက်ထားရယ် နင့်ကိုမေးနေတာမဟုတ်ဘူး ပါးစပ်လေးကို ခနပိတ်ထားစမ်းပါ"
"ကိုကြီးနော်နင်ကလည်း ငါ့ကိုဆိုအကောင်းကိုမပြောဘူး...."
"ခလေးလေး ဘာကြိုက်တက်လည်းဦးကိုပြောလေ...."
"ခလေးမကြိုက်တာလေးတွေရှိပေမယ့် ဦးသာချက်ကျွေးမယ်ဆိုရင်အကုန်ကြိုက်တယ်.....အဆိပ်ကြွေးမယ်ဆိုရင်တောင် ခလေးကစားမှာ..."
"ဦးကလည်း ဦးရဲ့ ခလေးလေးကို အဆိပ်မကြွေးရက်ပါဘူး......."
အောင်မလေးနော် ငါနှာခေါင်းသွေးတွေကျလာပြန်ပြီ ဟာ မရတော့ဘူး..စိတ်တိုလိုက်တာ ငါ့ရှေ့မှာ လာရိုနေတယ် တွဲရင်လည်းတွဲလိုက်ကြပါတော့လို့။
သက်ထားတစ်ယောက်နှာခေါင်းသွေးလျှံကျလာလို့ထအပြေး အိမ်နောက်ဖေးက တံခါးမကြီးနဲ့......
ဝုန်းဒိုင်းဒိုင်း.......... !
"ဟဲ့မိသက်ထား ဘာထဖြစ်နေတာလည်း"
"ဘာမှမဖြစ်ဘူး ကိုကြီးရေ အရမ်းချိုတာတွေမြင်လိုက်ရတာ နှာခေါင်းသွေးလျှံသွားလို့........."
"ဟမ် မားဘာပြောတာလည်းဟင် ဦး ခလေး နားမလည်ဘူး "
ရိုးသားလိုက်တဲ့ ဦးရဲ့ခလေးလေးရယ်.....
"ဟဲ့ ကိုကြီး နင်နဲ့ သားလေးကို ငါတစ်ခန်းစီစင်ထားပေးတယ်...."
"အေးအေး ခလေးရောအဆင်ပြေရဲ့လား.....ဦးနဲ့တစ်ခန်းတည်းအိပ်ရမှာကို...."
"ခလေးက အဆင်ပြေပါတယ် ဦး အဆင်မပြေမှာပဲ ခလေးကစိုးရိမ်တာ ခလေးက အအိပ်ကြမ်းလို့ ဟီးးးးး "
"ခလေးနဲ့ အတူအိပ်ရမယ်ဆို ဘာတွေဘယ်လိုပဲဖစ်ဖြစ် ဦးက အဆင်ပြေပါတယ် အခုတောင် ခလေးနဲ့အတူအိပ်ရမယ်ဆိုတော့ ဦးကကျေနပ်နေရတာ"