အပိုင်း၂ တိုက်ဆိုင်မှုများ

19 1 2
                                    

Unicode

JM နှင့်TH သည် လူအများပြားစောင့်ဆိုင်းနေသော Dreamerအဖွဲ့၏လူရွေးပွဲသို့ရောက်ရှိလာကြသည်ရှေ့တွင် လျှောက်လွှာဖောင်တင်ရန်စောင့်ဆိုင်းနေကြသောလူတန်းကြီး၏နောက်ဆုံးတွင်JM နှင့်TH သည်မှီရုံလေးတင်ရောက်လာသည် နေ့တစ်ဝက်ကျိုးသည်အထိ သူငယ်ချင်းနှစ်ဦးစောင့်ဆိုင်းပြီးသည့်နှင့် သူတို့နှစ်ဦးဖောင်ဖြည့်ရမဲ့အချိန်တွင်.......

ဖောင်ထုတ်ပေးနေသောလူကြီးမှ

"ညီလေးတို့ကနှစ်ယောက်လုံးလျှောက်မှာလားတစ်ယောက်ထဲလား အကိုတို့ဆီမှာ formကတစ်ခုပဲကျန်တော့တယ် တစ်ယောက်ထဲပဲရတော့မယ်ခင်ဗျ"

ဗျာ......
JM ဝမ်းနည်းသွားလေသည် သူကိုယ်တိုင်လဲအိမ်မက်လမ်းကိုလျှောက်ချင်သော်လဲ သူငယ်ချင်းTHကိုလဲ အခွင့်ရေးရစေချင်ခဲ့သည်ထို့ကြောင့်JM လက်လွှတ်ဖို့ဆုံးဖြတ်ကာ နောက်ဆုံးကျန်တဲ့ဖောင်တစ်စောင်ကိုပဲတောင်းယူလာခဲ့သည်....THသည်လဲစိတ်မကောင်းဖြစ်ကာမှိုင်နေတော့သည်

ထိုစဥ်သူတို့နှစ်ဦးဆီသို့လူတစ်ဦးလှမ်းလာလေသည်ထိုသူသည် JMတို့ ဘူဆန်မှဆိုးလ်မြို့သို့အရောက်ဘူတာဘေးပန်းခြံထဲတွင် JM နှင့် THတို့အတူသီချင်းဆိုနေသည်ကိုကြား၍ ထိုင်နားထောင်နေကာ အခုပြိုင်ပွဲအထိလိုက်လာသူဖြစ်သည် ဦးထုပ်အမဲဆောင်းထားကာခေါင်းငုတ်နေသော်လဲ မျက်လုံးပေါက်ကျဥ်းကျဥ်းနှင့်အရပ်ထောင်ထောင်မောင်းမောင်းယောင်္ကျားပီသသောပုံစံမျိုးရှိသည်ထိုသူက JMထံလျှောက်လွှာတစ်စုံကမ်းလာပေးကာ.....

"ညီလေးတို့လိုအပ်နေမယ်ထင်လို့အောင်မြင်နိုင်တဲ့တက်သစ်စလေးတွေလို့မြင်မိလို့ အကို့ကိုစိတ်ပျက်အောင်မလုပ်ပဲ ကြိုးစားကြည့်ပါ....."

ထို့သို့ပြောကာ JMလက်ထဲသို့ဖောင်ပေးခဲ့၍ထိုသူထွက်သွားလေသည်.......JMနှင့် TH လဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာပြုံးရွှင်သွားကြသည် Jmနဲ့ TH လဲဖောင်သို့ကိုယ်ရေးအချက်လက်များဖြည့်စွက်ကာ ကောင်တာသို့အပြေးလွှားဖောင်တင်လိုက်ကြသည်......
နောက်တစ်နေ့လူတွေ့စစ်ဆေးပွဲသို့ ရွေးချယ်ခံထားရသောပြိုင်ပွဲဝင် ၆၄ယောက်ရောက်ရှိလာကြသည် JMနှင့် THလဲ အတူတူရောက်ရှိလာကြသည်

ကိုယ့်ရဲ့ကူးငယ်လေးWhere stories live. Discover now