အပိုင်း၉

5 0 0
                                    

Unicode

                     ခရီးကပြန်ရောက်လာကြသည်နှင့်တစ်ဖွဲ့လုံးအတုန်းရုန်းမောပန်းနေကြသည်

"ကဲအားလုံးအနားယူလိုက်ကြ အုံး ညကျမှအကလေ့ကျင့်ကြတာပေါ့"
အကုန်လုံးကိုယ့်အခန်းကိုယ်ပြန်နားကြစဥ် ​ထယ်ယောင်းမှဂျီမင်းအခန်းထဲသို့ဝင်လာသည်

"ဂျီလေး အိပ်တော့မို့လား"

"အင်းထယ်လေးမင်းကောမနားသေးဘူးလားညနေအကလေ့ကျင့်ရမှာလေ"

"အင်းနားမလို့ပဲမေးစရာရှိလို့လာတာ"
"အင်းမေးလေ"
"ဟိုဟာလေ ဂျွန်ဂျောင်ဂုနဲ့မင်းနဲ့အခြေနေ"
"ဘာ ဘာအခြေနေလဲ"
"မင်းတို့နှစ်ယောက်ငါထင်နေတဲ့ဆက်ဆံရေးတော့...."
"​တော်တော့ထယ်လေး မင်းပြောချင်တာငါသိတယ်ပေါက်ကရအတွေးတွေ ယောင်္ကျားနှစ်ယောက်ကဘယ်လိုဆက်ဆံရေးဖြစ်ရမှာလဲ ဂျောင်ဂုကငါ့ညီလေးလိုပဲ အဲ့ထက်မပိုဘူး"

"သေချာလို့လားဂျီလေး"

"ငါမင်းနဲ့စကားမများချင်ဘူးထယ်လေး တော်တော့"

"မင်းကိုသူ့ကျောပေါ်မှာနှစ်ခါမြင်ခဲ့ရတဲ့ငါ့စိတ်ကိုတော့မင်းဘယ်နားလည်မလဲဂျီလေး"

"ဘာကိုလဲကွာ မနေ့ကတောထဲမှာငါခိုက်မိလို့ သူသယ်လာပေးတာတစ်ခါထဲပါ"
"မင်းမူးတဲ့ညကကော"
"အမ်"
ထယ်ယောင်း၏စကားကြောင့် သူအရက်မူးနေသည့်ညတွင် သူ့အခန်းထဲသို့လိုက်ပို့ပေးသူမှာဂျောင်ဂုမှန်းဂျီမင်းမှတ်မိသွားသည်
"ငါ့ကိုပဲမင်းက သူငယ်ချင်းထက်ပိုမမြင်ပေးနိုင်တာလား ငါကိုယ်တိုင်ကပဲမှားယွင်းနေတာလားငါသေချာသိဖို့လိုတယ်လေဂျီလေးရာ"
"မင်းထင်နေသလိုမှမဟုတ်တာကွာ ဂျောင်ဂုကငါ့ညီလေးပဲ"

"အဲ့ဆိုငါတစ်ခုတောင်းဆိုလို့ရမလား ငါ့တောင်းဆိုချက်ကိုမင်းလိုက်လျောပေးမှာလား"
"ပြောကြည့်လေ ငါလုပ်ပေးနိုင်တာမျိုးဆိုရင်ပေါ့"
"မင်းဂျွန်ဂျောင်ဂုနဲ့ဝေးဝေးနေပေးပါလား"
"ထယ်လေးမင်းဘာပြောချင်လဲဆိုတာငါသိတယ်တစ်ဖွဲ့လုံးကမိသားစုဝင်တွေလေကွာငါဘယ်လိုဝေးဝေးနေမလဲ မင်းထင်သလိုမျိုးဘယ်တော့မှဖြစ်မှာမဟုတ်လို့ မင်းမဟုတ်တာတွေလျှောက်တွေးမနေပါနဲ့ကွာ"
"အေးပါ မင်းနားမယ်ဆိုလဲနားတော့ ငါသွားပြီ"
"အင်း"
ထယ်ယောင်း ဂျီမင်းအခန်းထဲမှပြန်ထွက်လာချိန်ဂျီမင်းတစ်ယောက်အတွေးများစွာနှင့်
"ချစ်နေမိတယ်ဆိုရင်တောင်ဘယ်သူကလက်ခံပေးမှာလဲကွာ ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်တာကိုဘယ်ပတ်ဝန်းကျင်ကများလက်ခံပေးမှာလဲ ဂျောင်ဂုကိုယ်တိုင်ကကောလက်ခံနိုင်မှာမို့လို့လား မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင် ဒီလျို့ဝှက်ချက်ကိုငါအဆုံးထိထိန်းသိမ်းရမယ်"
ထိုစကားတို့ကဂျီမင်း၏စိတ်ထဲ၌သာပြောဖြစ်ခဲ့သည် အခန်းထဲမှထွက်လာသောထယ်ယောင်းကဘေးအခန်းသို့ဝင်ကာ
"ဟိုဆော့ဟျောင်း အိပ်တော့မှာလား"
"အော်ထယ်ယောင်းလာလေ မအိပ်သေးပါဘူး ဒါနဲ့မင်းကောမနားဘူးလား"
"ကျွန်တော်မနားချင်သေးပါဘူး ဟျောင်းမအိပ်သေးရင်ဘီယာတစ်ခွက်လောက်သောက်ရအောင်လေ"
"မင်းသောက်ချင်လို့လား ငါယူပေးမယ်"
အခန်းထဲကရေခဲသေတ္တာအသေးလေးထဲမှ ဘီယာဗူးအေးအေးလေးအားထယ်ယောင်းကိုပေးလိုက်သည်
ဘီယားဗူးကို နှစ်ငုံလောက်မော့ပြီး

ကိုယ့်ရဲ့ကူးငယ်လေးМесто, где живут истории. Откройте их для себя