အပိုင်း၄

10 0 0
                                    

Unicode

"ဂျောင်ဂု​လေး နိုးလာပြီလား ခေါင်းဘယ်လိုနေသေးလဲ မူးနေလားအရမ်း......"

"ခဗျား.....ခဗျားကဘာလို့ ကျွန်တော့်ကိုခေါ်ထားတာလဲ"

"ဟျောင့် ငချွတ်လေး မင်းအသက်ဘယ်လောက်လဲဂျောင်ဂု ဟမ်?"

"18"

"ဟားဟားဟား.......18ဟုတ်လား?
အကို့ထက်မင်းက၂နှစ်တောင်ငယ်တယ်ကွအကို့ နာမည် ပတ်ဂျီမင်း အကိုဂျီမင်းလို့ခေါ် ဘာလဲ
ခဗျား ခဗျားနဲ့"

ဂျီမင်းရီမောကာ ဂျောင်ဂုနဖူးကိုဖွဖွလေးတောက်လိုက်သည် ဂျောင်ဂုသည်လဲအလျှော့မပေး

"ရူးနေလားခဗျား.....ဘာလို့ကျုပ်က ခဗျားခေါ်ခိုင်းတိုင်းခေါ်ရမှာလဲ"

"ဟော.... "
ဂျီမင်းသည်ဂျောင်ဂုရဲ့ဒီဂျစ်ဂျစ်ပုံလေးကိုပင်သဘောကျကာစိုက်ကြည့်နေသည်အခန်းထဲသို့ထယ်ဝင်လာကာ

"ငါညထဲကပြောသားပဲဂျီမင်းရဲ့ ဒီအရိုင်းစိုင်းလေးကိုသေသေရှင်ရှင်ပစ်ထားခဲ့လိုက်ပါဆိုအခုတော့ မင်စော်ကားခံရပြီမလား"
ခေါင်းတခါခါနဲ့ပြောနေသည့်ထယ်လေးမှာဂျောင်ဂုအားကြည့်မရပေ

"ဟာ ထယ်လေး မင်းကလဲကွာ ကလေးကိုအဲ့လိုမပြောပါနဲ့ သူ့မှာလဲဒဏ်ရာတွေနဲ့လေ ငါတို့ပစ်ထားခဲ့ရင်သူတစ်ခုခုဖြစ်သွားမှာပေါ့"

"ဒါကလေး..... ဟမ် ငါ့အဖေကတောင်အဖိုးခေါ်လို့ရတဲ့ရုပ်ရည်ဖြစ်နေပြီ အော့"

"အဲ့ဆိုလဲ ကျုပ်ကိုအဖိုးလို့လာခေါ်လေ"

ဂျောင်ဂု၏စကားအားထယ်လေးမခံနိုင်
"ဟာ ဒီအရိုင်းစိုင်းလေးကတော့......"

ဂျောင်ဂုနဲ့ထယ်ယောင်းရန်ဖြစ်နေသည်မှာကလေးနှစ်ယောက်ရန်ဖြစ်နေသလိုပင် ကြားကဂျီမင်းမအောင့်ထားနိုင်ပဲခွက်ထိုးခွက်လန်ဟားတိုက်ရီမိလိုက်တော့သည်

"တော်ကြပါတော့ကွာ မင်းတို့ကလေ ကလေးပေါက်စတွေကြနေတာပဲ ကဲထယ်လေးမင်းလဲမစနဲ့တော့မနက်စာသူ့အတွက်ပါ ပါတယ်မလားကျွေးလိုက်ရအောင် ပို့မဲ့ပို့တော့လဲကူးတို့ ရောက်အောင်ပို့ရအောင်ကွာ"

ထယ်ဟောင်းဝယ်လာသောဆေးထုပ်အားဂျီမင်းယူကာဂျောင်ဂုလက်ထဲသို့ထည့်လိုက်သည်

ကိုယ့်ရဲ့ကူးငယ်လေးTempat cerita menjadi hidup. Temukan sekarang