အပိုင်း၆

14 0 0
                                    

Unicode

လေညင်းလေးတို့တိုးနေစဥ်ဂျီမင်းနှင့်ထယ်ယောင်း၏စကားဝိုင်းမှာငြိမ်သက်နေသည်ဂျီမင်းကအတန်ကြာငြိမ်သက်နေပြီးနောက်

"ထယ်လေး တစ်ချို့အရာတွေကမဖြစ်သင့်တာတွေရှိတယ်လေ ငါတို့ကယောင်္ကျားလေးတွေလေကွာ ပြီးတော့မင်းနဲ့ငါ့ရဲ့ငယ်သံယောဇဥ်ဆိုတာကိုငါဘယ်နည်းနဲ့မှအထိခိုက်မခံနိုင်ဘူး"

"ငယ်သူငယ်ချင်းဖြစ်နေတာနဲ့ငါ့ကိုအခွင့်ရေးမပေးတော့ဘူးလားဂျီမင်း..."

"ထယ်လေး....."

"ဂျီမင်း...... ငါမင်းစိတ်ကိုနားလည်ပါတယ်ငါငယ်ငယ်ထဲကအရိပ်တကြည့်ကြည့်နဲ့ ကြည့်လာတဲ့ကောင်ပါကွာ မင်းငါ့ကိုအပြင်ပန်းသာတားလို့ရမယ် ငါ့နှလုံးသားကိုတော့မရဘူးလေကွာ ငါ့စိတ်ကိုတော့ငါပိုင်တယ်လေ "

"မင်းပြောတာမှန်ပါတယ်ငါတို့ကြားအနေခက်စေမဲ့အရာတွေငါမလိုချင်ဘူး"

"အနေခက်စရာမလိုဘူးဂျီမင်းဘာမှပြောင်းလဲသွားတာမရှိဘူး ဒီတိုင်းမင်းသိသွားတယ်ဆိုရုံပါပဲစောစောအိပ်ကြရအောင်ကွာ အောက်ဆင်းမယ်"

ထယ်ယောင်းဆင်းသွားသည့်နောက်သို့ဂျီမင်းလိုက်လာသည်မနက်ပိုင်းတွေကားအဖွဲ့လိုက်မနက်စာစားကြသည်အကုန်လုံးညကကိစ္စကြောင့်တိတ်ဆိတ်နေကြသည်ထယ်ယောင်းပန်းကန်ထဲသို့ထယ်ယောင်းကြိုက်သောကိတ်လေးဂျီမင်းထည့်ပေးလိုက်သည်မျက်နှာချင်းဆိုင်မှာထိုင်သည့်ဂျောင်ဂုကမြင်သွားခဲ့ပြီးအကြည့်လွှဲလိုက်သည်ကိုဂျီမင်းသတိထားမိသည် ထိုအခြေနေအားဂျီမင်းပဲစတင်ကာစကားဆိုလိုက်သည်

"ဂျောင်ဂုလေး ညကအဆင်ပြေရဲ့လား အကိုတောင်းပန်ပါတယ်အကိုက လူတိုင်းအပေါ်ရင်းနှီးလွယ်တတ်တော့ မင်းကတခြားသူတွေနဲ့အနေစိမ်းတာမျိုးကိုသတိမထားမိခဲ့ဘူး နောက်ဆိုအကိုဆင်ခြင်ပါ့မယ်....."

"ရပါတယ်ကျွန်တော်လဲနည်းနည်းလွန်သွားပါတယ်အကျင့်တစ်ခုလိုဖြစ်နေတော့ မနည်းဖျောက်ရခက်လို့ပါ"

"ဟုတ်ပါပြီကွာ"

အကိုကြီးဂျင်မှ

"ကဲကဲ ကိစ္စတစ်ခုကတော့အဆင်ပြေသွားပြီကွာနောက်ဆိုလဲအတူတူဖြေရှင်းကြတာပေါ့ ဂျောင်ဂုရေမင်းကငယ်သေးတော့ရှက်တတ်ကြောက်တတ်တာကိုသိပါတယ်ကွာဒါပေမယ့်ငါတို့ကိုမင်းရဲ့အကိုတွေလိုသဘောထားလိုက်အဲ့ဆိုမင်းပိုရင်းနှီးသွားမှာ"

ကိုယ့်ရဲ့ကူးငယ်လေးWhere stories live. Discover now