အပိုင်း၈

8 0 0
                                    

Unicode

ဒီတစ်ကြိမ်တော့ထွက်ပြေးသွားသောဂျီမင်းနောက်အားဂျောင်ဂုအမှီပြေးလိုက်လေသည် အရက်သမားလေးကမူးသာမူးတာခြေတိုတိုလေးနဲ့အပြေးသန်လွန်းလို့ဂျောင်ဂုမှာမနည်းပြေးလိုက်ခဲ့ရသည် ဂျီမင်း၏လက်တစ်ဖက်အားလှမ်းဆွဲ၍ ဂျောင်ဂုသူ့ဘက်သို့ဆွဲလှည့်လိုက်သည်

"ဂျီမင်းရှီးးးးးးးး!"

နှာတရှုတ်ရှုတ်ဖြင့်ငိုနေသောဂျီမင်းလေးမှာကလေးပေါက်စလေးသဖွယ် ချစ်စရာအလွန်ကောင်းလှသည်

"လွှတ်! ငါ့ကို မထိနဲ့"

"ဒီမှာ ဂျီမင်းရှီးးးး ရှေ့တည့်တည့်ကိုထပ်ပြေးရင် ပင်လယ်ပဲရှိတော့တယ် ဘာလဲပင်လယ်ထဲပြေးဆင်းပြီးနောင်ဘဝကူးချင်လို့လား"

"ငါ့ဘာငါဘယ်ထဲပြေးဆင်းဆင်း မင်းစောက်ပူလား"

ဂျောင်ဂုလက်အားတွန်း၍ထပ်ထွက်ပြေးရန်ပြင်နေသောဂျီမင်းအားဂျောင်ဂုအားနှင့်ဆွဲကာဂျီမင်းကျောပြင်နှင့်ဂျောင်ဂုရင်အပ်ထားသည် အတန်ငယ်ငြိမ်ကျသောသောဂျီမင်းမှာ ငိုငံအနည်းငယ်ထွက်လာသည်

"အဟင့် ဟင့် ဟင့် လွှတ်ပေးငါ့ကို "

"ဘယ်ကိုလွှတ်ပေးရမှာလဲ လွှတ်ပေးလိုက်ရင်ထပ်ထွက်ပြေးနေမှာပေါ့"

"မင်းမှငါ့ကိုမမြင်ချင်တာပဲဟာ ဘာလို့လာဖမ်းထားတာလဲ"

"ကျွန်တော်ပြောမိလို့လား အဲ့လို "

"မင်းပဲပြောတာလေ ငါ့ကိုဟျောင်းတပ်မခေါ်နိုင်လောက်တဲ့အထိကိုမင်းငါ့ကိုမုန်းနေတာလေ"

ငိုနေတဲ့ဂျီမင်းအားနောက်မှဂျောင်ဂုကတင်းတင်းကြပ်ကြပ်ဖက်ထား၍ လေသံတိုးတိုးလေးဖြင့်သာအမူးသမားလေးရစ်သမျှကိုဂျောင်ဂုပြန်ဖြေပေးနေသည်

"ကျွန်တော့စကားထဲမှာ မုန်းနေတယ်ဆိုတာစကားမပါဘူးလေ ဘာလို့အဲ့လိုတွေးနေတာလဲ"

"အဲ့စကားမပါပေမယ့် အဲ့အဓိပ္ပါယ်လေ မင်းစကားက"

"ဒီအတိုင်း ဟျောင်းတပ်မခေါ်ပဲပေါ့ပေါ့ပါးပါးနေချင်လို့ပြောလိုက်တဲ့စကားလေ ဘာလို့တစ်လွဲတွေးရတာလဲ ကလေးလဲမဟုတ်"

ကိုယ့်ရဲ့ကူးငယ်လေးWhere stories live. Discover now