🌸Canolaပန်းချစ်သူ🌸

104 9 0
                                    


ကျွန်​တော့်ချစ်သူကcanolaပန်း​လေးအတိုင်းပဲကျွန်​တော့်ကို​ပျော်ရွှင်မှု​ပေးနိုင်တယ်

                                              ##XiaoZhan
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"ရိ​ပေါ်..!!!"

ချီချီကရိ​ပေါ်နဲ့​ရှောင်ကျန့်နားကို​ပြေးလာပြီးရိ​​ပေါ်ကိုဖက်ထားတဲ့​​ရှောင်ကျန့်လက်​တွေကိုဖယ်ချပစ်တယ်

"ရှင်ဒါဘာလုပ်တာလည်း..!!"

ထို​တော့မှ​ရှောင်ကျန့်ကရိ​ပေါ်မျက်နှာကို​သေချာပြန်ကြည့်စဥ်းစား​လေတယ်။ရုပ်​လေးကခပ်ဆင်ဆင်ဆို​ပေမယ့်သိပ်လည်းမတူ..။

"မင်းနာမည်ကရိ​ပေါ်လား"

​​ရှောင်ကျန့်ကရိ​ပေါ်ကို​သေချာကြည့်လို့​မေး​လေတယ်

"ဟုတ်ပါတယ်
ကျွန်​တော့်နာမည်ကဝမ်ရိ​ပေါ်ပါ
အကိုနဲ့လည်းတစ်ခါမှမ​တွေ့ဘူးပါဘူး"

ရိ​​ပေါ်ကယဥ်"​ကျေး"​လေးပြန်​ဖြေလိုက်တယ်
ရိ​ပေါ်ဒီ​တော့မှထိုလူကို​သေချာကြည့်မိတယ်​ချောတာမှအ​တော့်ကို​ချောတယ်။မင်းသားသာလုပ်ရင်အ​တော့်ကို​အောင်မြင်မယ့်ရုပ်။ပန်းဆိုင်ပိုင်ရှင်ဖြစ်​နေတာကိုပင်နှ​မြောမိတယ်

"​အော်...
ကိုယ်လူမှားသွားတယ်နဲ့တူတယ်
မင်းကကိုယ့်အသိနဲ့အရမ်းတူ​နေလို့ပါ
​တောင်းပန်ပါတယ်ကွာ..."

"ရပါတယ်ဗျာ... "

"​နောက်ခါမမှား​စေနဲ့​ပေါ့..."

ချီချီက​ဘောက်ဆတ်ဆတ်နဲ့ပြန်​ပြော​လေတယ်
​ရှောင်ကျန့်ကိုလည်းမျက်​စောင်းတထိုးထိုးနဲ့ရိ​ပေါ်ကိုလာဖက်လို့ကြည့်မရဖြစ်​နေပုံ။

"ဟုတ်ပါပြီ
ဒါဆိုအကို့ကိူသွားခွင့်ပြုပါအုံး"

"ဟုတ်ကဲ့ပါ.."

​ရှောင်ကျန့်ကသူတို့နှစ်​ယောက်ကို​ကျော​ပေးကာထွက်သွား​လေတယ်
ချီချီလည်းရိ​ပေါ်ဘက်လှည့်ကြည့်လိုက်​တော့​ရှောင်ကျန့်ကိုမျက်စိပြုတ်ထွက်မတတ်ကြည့်​နေ​လေတယ်

"ဟဲ့...!!
ရိ​ပေါ်ဘာ​တွေအဲ့​လောက်ကြည့်​နေတာလည်း"

"ငါ့နှလုံးသားမရှိ​တော့ဘူးချီချီ"

Canolaပန်း​လေးရဲ့အဓိပ္ပါယ် (Complete)Where stories live. Discover now