🌻လွမ်းဆွတ်ခြင်းရဲ့​နေ့စွဲများ🌻

50 5 0
                                    

ဦး​နှောက်က​ပြောတယ်
မင်းသူ့ကို​မေ့လိုက်​တော့ တဲ့
နှလုံးသားကလည်းမခံချင်စိတ်ဖြင့် ချစ်​ရသူကို​မေ့ဖို့ဆိုတာမိန်းမယူသ​လောက်လွယ်မ​နေဘူး ဆိုပြီးအော်ဟစ်သွား​လေတယ်
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

လွမ်းလိုက်တာကိုကိုရယ်
ကျွန်​တော်လွမ်းလွန်းလို့ရူးမှာပဲဗျာ
ကျွန်​တော်ကိုကို့ဆီလာ​တွေ့ချင်တယ် ကိုကို့ရင်ခွင်မှာခိုနားပြီးက​လေး​လေးလိုအိပ်ချင်တယ်
အဆက်အသွယ်ဖြတ်ခဲ့တာကိုကိုဆို​ လွမ်းရတာလည်းကျွန်​​တော်​ပေါ့
ကိုကိုက​ရော ကျွန်​တော့်ကိုလွမ်းလား

[လွန်ခဲ့​သောတစ်လခန့်]

အဲ့တုန်းကကိုကို​ပြောခဲ့တဲ့စကား​တွေကိုရိ​ပေါ်မယုံပေ
ဘာလို့လည်းဆို​တော့ကိုကိုလမ်းခွဲစ​ပြောတုန်းကကိုကို့မျက်လုံး​တွေက​ကြေကွဲရိပ်သန်း​နေတယ် ကိုကို့မျက်ဝန်း​တွေကလိမ်ညာ​နေတယ်
အဲ့တာ​​ကြောင့်ကိုကိုစ​နောက်​နေတယ်ထင်ခဲ့​ပေမယ့်ကိုကိုကအတည်​ပြော​နေခြင်းပင်
ရိ​ပေါ်နားမလည်ခဲ့ဘူး
လမ်းခွဲစကားကိုအတည်​ပေါက်ကြီးနဲ့လိမ်ညာ​ပြော​နေတဲ့ကိုကိုကဘာကိုဖုံးကွယ်ခြင်​နေတာလည်း
ရိ​ပေါ်ကိုကို့ ကိုစိတ်ဆိုးမိပါတယ်
လမ်းခွဲခြင်း​ကြောင့်မဟုတ် ရိ​ပေါ်ကိုလိမ်ညာခြင်းကြောင့်ပင် အဲ့ဒါ​ကြောင့်ပဲအဲွ​နေ့ကကိုကို့ ကို​အော်ဟစ်ပြီးထားခဲ့လိုက်တယ်
​​ဒါ​ပေမယ့်
​နောက်သုံးရက်​လောက်ကြာ​တော့မိန်းက​လေးတစ်​ယောက်ကသူ့ကို​တွေ့ဖ်ု့ဆက်သွယ်လာ​လေတယ်

အဲ့မိန်းက​လေးချိန်းတဲ့​ကော်ဖီဆိုင်​လေးကို​ရောက်​တော့ဆိုင်ကလူရှင်း​နေ​လေတယ်
ဆိုင်ထဲကိုမျက်စိကစားကြည့်​တော့ဆိုင်ရဲ့​ထောင့်နားကတိတ်ဆိတ်တဲ့ခုံ​လေးမှာတစ်​ယောက်တာ်းထိုင်​နေ​သောမိန်းက​လေးတစ်ဦး
ရိ​ပေါ်လည်းထိုမိန်းက​လေးနားသွားလိုက်တယ်

"​တွေ့ရ​​သောဝမ်းသာပါတယ် ဝမ်ရိ​ပေါ်"

"ဟုတ်ကဲ့ ကျွန်တော့်ကိုဘာကိစ္စ​ကြောင့်​တွေ့ဖို့ချိန်းရတာလည်းဗျ"

"အရင်ထိုင်ပါအုံး"

ရိ​ပေါ်လည်းထိုမိန်းက​လေးနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်တယ်

Canolaပန်း​လေးရဲ့အဓိပ္ပါယ် (Complete)Unde poveștirile trăiesc. Descoperă acum