❤💚Canolaပန်း​လေးရဲ့အဓိပ္ပါယ် or final

73 5 0
                                    

"​Canolaပန်း​လေးရဲ့အဓိပ္ပါယ်က​ပျော်ရွှင်ခြင်းတဲ့~~
ဒီပန်း​လေးကိုယူပြီးအသက်တစ်ဘဝလုံး​ပျော်ရွှင်နိုင်ပါ​စေကွယ်~~~~~"

"............"

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

( တစ်နှစ်အကြာ )

မြက်ခင်းစိမ်း​တွေ​ပေါ်မှာတည်ရှိ​နေတဲ့အုတ်ဂူအဖြူ​လေး
ထိုအုတ်ဂူ​လေး​ရှေ့ရပ်​နေ​သောအဖြူ​ရောင်​ကောင်​လေး
ထို​ကောင်​လေးရဲ့လက်ထဲမှာအဖြူ​ရောင်ကျူးလစ်ပန်း​လေး

အဖြူ​ရောင်ကျူးလစ်ပန်း​လေးရဲ့အဓိပ္ပါယ်က​တောင်းပန်ခြင်းလို့လည်းအဓိပ္ပါယ်ရတယ်
ထို​ကောင်​လေးကထိုပန်း​လေးကိုအဘယ်​ကြောင့်ယူလာပါလိမ့်

ထို​ကောင်​လေးကကျူးလစ်ပန်း​လေးကိုအုတ်ဂူဖြူ​​လေး​ရှေ့ချလို့ယူလာတဲ့အသီးအနည်းငယ်ကိုအုတ်ဂူ​ရှေ့ကပန်းကန်​လေးထဲထည့်ကာအ​မွှေးတိုင်သုံးတိုင်​လောက်ထွန်းပြီးထိုအုတ်ဂူ​ရှေ့တွင်ပဲဒူး​​ထောက်လိုက်​လေတယ်

"​အကို​..​အေး​အေးချမ်းချမ်း​နေရရဲ့လား အကိုအခု​ကောင်းရာဘုံရာ​ရောက်​နေ​ရော​ပေါ့​နော်
​ကျေးဇူးတင်ပါတယ်အကို အကို့​ကြောင့်ကျွန်​တော့်ကမ္ဘာငယ်​လေးကကျွန်​တော့်အနားမှာတည်ရှိ​နေတာ အကို့ရဲ့စိတ်ထားလှပမှု​ကြောင့်ကျွန်​တော့်​ပျော်ရွှင်မှု​တွေ​ပျောက်ကွယ်မသွားတာ  အကိုဘဝဆက်တိုင်းဆက်တိုင်း​ပျော်ရွှင်စွာချစ်ရသူနဲ့​နေရပါ​စေ ကျွန်​တော်ဆု​တောင်း​ပေးပါတယ်"

ထိုသို့​ပြောပြီးဦးသုံးကြိမ်ချကာပြန်ထသွား​သော​ကောင်​လေး

"အသက်ငယ်...!!"

​နောက်​ကျောဘက်က​ခေါ်သံ​ကြောင့်ရိ​ပေါ်လှည့်ကြည့်လိုက်​တော့ပြုံးရွှင်စွာသူ့အနား​လျှောက်လာ​သောကိုကိုပင်

"အသက်ငယ်ကလည်းကိုယ့်​တောင်မ​စောင့်ဘူး"

အနား​ရောက်တာနဲ့သူ့ပုခုံးကိုဖတ်ကာ​​ပြောလာ​သောကိုကိုပင် ရိ​ပေါ်က​တော့ကိုကို့ရင်ခွင်ထဲမှာငြိမ်​နေလိုက်တယ်

အို~~~~~
ဘာ​တွေလည်းဆိုပြီး​ကြောင်​နေ​ရော​ပေါ့​နော်
ဒါဆိုနားလည်​အောင်ပြန်ရှင်းပြရမှာ​ပေါ့

Canolaပန်း​လေးရဲ့အဓိပ္ပါယ် (Complete)Where stories live. Discover now