☘ဆန်းကြယ်​သောကံကြမ္မာ☘

56 6 2
                                    

ကံကြမ္မာထက်ဆန်းကြယ်တာ
ဘာများရှိပါအုံးမလဲကွယ်........

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"ရှာ​တွေ့ပြီ ဟုတ်လား!!"

"အွန်း"

​ပျော်လိုက်တာကိုကိုရယ်
ကိုကို့ ကိုလိုက်ရှာတာ6လ​လောက်ရှိပြီ
အခု​တော့ရှာ​တွေ့ပြီတဲ့ ​ပျော်လွန်းလို့ရူးသွားမှာ​တောင်​ကြောက်ရပါတယ်ကိုကိုရယ်

"ဘယ်မှာရှာ​တွေ့တာလည်း"

"​ဆေးရုံမှာ"

"ဟင်..."

"မ​နက်ကအကိုတို့​တွေshopping mallသွား​တော့လမ်းမှာ​အဖွားအိုတစ်​ယောက်မူးလဲလို့​ဆေးရုံလိုက်ပို့​ပေးရင်းနဲ့အပြန်​ဆေး​ကောင်တာက​နေ​ဆေးဝယ်သွားတဲ့​ရှောင်ကျန့်​တွေ့တာပဲ အကိုတို့လည်း​ရှောင်ကျန့်​နောက် ​နောက်​ယောင်ခံလိုက်ကြည့်​တော့သူ​နေတဲ့​နေရာပါ​တွေ့တာပဲ"

အကိုပိုင်တန်း​ပြောပြတာကိုနား​ထောင်ရင်းနဲ့ပင်အဖွားအိုကိုပဲ​ကျေးဇူးတင်မိ​လေတယ်
ပြီး​တော့ချက်ချင်းပင်ကိုကိုရှိတဲ့​နေရာကိုအ​ေပြး​လေးသွားချင်မိပါတယ်

"အခုသွားကြမယ်​လေအဲ့ကို
ကျွန်​တော့်ကိုလိုက်ပို့​ပေး"

"ခန​လေးဝမ်​လေး
အရမ်းမ​လောနဲ့ အကိုတို့​သေချာစုံစမ်းလိုက်အုံးမယ်"

"ဘာလို့လည်း ဘယ်မှာနေလည်းသိပြီဆို
ဘာလို့စုံစမ်းမှာလည်း"

"​သေချာ​အောင်​ပေါ့ဝမ်​လေးရယ်"

"ဟွင့်"

နှုတ်ခမ်း​လေးဆူလို့တခြားဘက်လှည့်သွားတဲ့ဝမ်​လေးကစိတ်​ကောက်​ကြောင်းကိုအသံတိတ်​ဖော်ပြ​လေတယ် ​ရှောင်ကျန့်​ပျောက်သွားပြီး​နောက်ပိုင်းဝမ်​လေးကအရင်ကထက်က​လေးဆန်လာတယ် ပိုလည်းပိန်သွားသလိုစကားလည်းနည်းလာတယ်
ပိုဆိုးတာကအရင်တုန်းကစိတ်​ရောဂါ​လေးကတစ်စတစ်စပြန်ဖြစ်လာတာပါပဲ

"အမတို့က​မြန်မြန်​လေးစုံစမ်း​ပေးမှာမို့မကြာခင်ပြန်​တွေ့ရ​တော့မှာပါကွယ်"

ဝမ်လင်းကရိ​ပေါ်ရဲ့ဆံပင်​လေးကိုပွတ်သပ်လို့နူးနူးညံ့ညံ့​လေး​ပြောလာ​လေတယ်

Canolaပန်း​လေးရဲ့အဓိပ္ပါယ် (Complete)Where stories live. Discover now