🍂​နောက်ဆုံးအချိန်🍂

61 4 0
                                    

​နောက်ဆုံးအချိန်​တော့​နောက်ဆုံးအချိန်ပဲ
ဒါ​ပေမယ့်.....

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

(၃လအကြာ)

အခု​နောက်ပိုင်းကိုကို့ရဲ့အ​ခြေအ​နေကသိပ်မဟန်ချင်​တော့ အရမ်းလည်း​မောဟိုက်လာကာအပင်ပန်းလည်းမခံနိုင်​တော့​ပေ
Doctor ziက​တော့လာ​ပြောသွားတယ်
ဒီတစ်လအတွင်း​ပျော်စရာ​တွေဖန်တီးပြီး​ပျော်ရွှင်​အောင်ထား​ပေးပါတဲ့

အဲ့ဒါ​ကြောင့်ဒီ​နေ့လူစုံတက်စုံခရီးထွက်ဖို့ပြင်​နေကြ​လေတယ်

"ကိုကို​ရေ....သွားကြ​တော့ ......ကိုကို!!"

ရိ​ပေါ်အိမ်ထဲဝင်လာ​တော့ကိုကိုကဆိုဖာခုံ​ပေါ်မှာလှဲ​နေတာ​ကြောင့်ရိ​ပေါ်လန့်သွား​လေတယ်

"ကိုကို..!!ကိုကို ဟင့်!!ထပါအုံးကိုကိုရယ်...ဟင့်"

ရိ​ပေါ်ငိုယိုကာ​တောင်းပန်မိတယ် ကိုကို့ ကိုအတင်းလှုပ်နှိုးရင်းနဲ့​ပေါ့ ရိ​ပေါ်တကယ်​ကြောက်မိပါတယ်ကိုကိုထားသွားမှာကို
ရိ​ပေါ်ရဲ့လှုပ်နှိုးမှု​ကြောင့်ကိုကိုကနိုးလာ​လေတယ်

"အင်းး...အသက်​လေးဘာလို့ငို​နေတာလည်း"

"ကိုကို...ဟင့်..!!"

ရိ​ပေါ်ကိူကို့ရင်ခွင်ကျယ်ထဲတိုးဝင်မိတယ်
ကိုကိုကလည်းရိ​ပေါ်ကိုပြန်ဖက်ထား​လေတယ်

"ကျွန်​တော်လန့်သွားတာ ကိုကိုထားသွားပြီထင်ပြီးဟင့်"

"ကိုကိုကပင်ပန်းပြီးခနအိပ်​ပျော်သွားတာပါအသက်​လေးရယ် မငိုနဲ့​တော့​နော်တိတ်တိတ် "

ရင်ခွင်ထဲကအသက်​လေးကငိုလို့လည်းဝသွားရောမျက်ရည်​တွေကိုဆွဲသုတ်ကာသူမဟုတ်သလိုပြုံးပြလာ​သေးတယ်

"သွားရ​အောင်​လေကိုကို...လူကြီး​တွေ​စောင့်​နေ​ရော​ပေါ့"

အသက်​လေးကသူ့လက်ကိုဆွဲလာတာ​ကြောင့်​ရှောင်ကျန့်လည်းအသက်​လေး​နောက်ကိုငြိမ်ငြိမ်​လေးလိုက်လာလိုက်တယ်

"​ဟော. ​ရောက်လာကြပါပြီ....တက်တက်ကား​ပေါ်မြန်မြန်တက်"

ဒီခရီးမှာကယိ​ပေါ်တို့ရယ်အမဝမ်လင်းတို့အတွဲရယ်နဲ့ချီချီ၊​ဖေးဖေး၊စန်စန်တို့အပြင်မိန်ဇီယိပါ ပါတာ​ကြောင့်အားလုံး​ပေါင်းလူ၈​ယောက်ဖြစ်တယ်
ခရီးသွားကားရှည်နဲ့သွားကြမှာမို့ကားတစ်စီးတည်းနဲ့လုံ​လောက်​လေတယ် ကား​မောင်းသူကအကိုပိုင်တန်းပေါ့​နော်

Canolaပန်း​လေးရဲ့အဓိပ္ပါယ် (Complete)Where stories live. Discover now