Part-2

226 19 0
                                    

" ကျောင်းက အဆင်ပြေလား သမီး"

ကျောင်းလာကြိုသည့် ဦးလေးစကားကြောင့် ကားပေါ်တွင် lemon  tea သောက်နေသည့် ဩဂတ်စ် သီးသွားသည်။

" သောက်ပြီးမှမေးလည်းရတာပဲကို ဦးလေးကလည်း ကျောင်းကအဆင်ပြေတယ် သူငယ်ချင်းအသစ်လည်းရတယ် သူနဲ့စာကြည့်တိုက်လည်းသွားခဲ့တယ်။ ဘတ်စကတ်ဘောလည်းကစားခဲ့တယ်"

" တော်တော်ပျော်ခဲ့တာပေါ့ စာလည်း အဲလိုပျော်ပျော်သင်ရမယ်နော်"

" အင်း"

ဩဂတ်စ် စိတ်မပါသလိုဖြေပြီး ကားပေါ်မှ ဟိုကြည့်ဒီကြည့်လုပ်နေသည်။ မကြာခင် လွင့်ကို သူ့အိမ်ကခေါ်သွားတာတွေ့လိုက်ရသည်။ သို့သော် လာခေါ်သူများက ဝတ်စုံအနက်နှင့်မျက်မှန်အမည်းနှင့် ဦးလေးကြီး၂ယောက်။ ဩဂတ်စ်လည်း မျက်စိတစ်ဆုံး ကြည့်နေမိသည်။

အိမ်ပြန်ရောက်သော်

" ဘွားဘွားကို လွမ်းလိုက်တာ ဘာမုန့်လုပ်ထားလဲ"

ဩဂတ်စ်နှင့်ဇူလိုင်တို့၂ယောက် အဘွားကိုဖက်ကာ နှုတ်ဆက်လိုက်ကြသည်။

" ငါ့မြေးလေးတွေက စကားတတ်နေတယ် မနက်ကပဲတွေ့ပြီး ကျောင်းလေးလွှတ်တာကို လွမ်းနေတာ
အဲလိုမြေးလေးတွေအတွက် အဘွားက ရွှေရင်အေး လုပ်ပေးထားပါတယ် ရေခဲသေတ္တာထဲမှာရှိတယ် သမီးတို့ကိုကို နိုဝင်ဘာကတော့ သောက်သွားပြီ။ သမီးတို့ဖို့ပဲကျန်တော့တယ်"

ဇူလိုင်က ရေခဲသေတ္တာထဲက ရွှေရင်အေးဇလုံကိုယူကာ မီးဖိုချောင်ထဲဝင်သွားတော့သည်။ ဩဂတ်စ် အဘွား၏ ပေါင်ပေါ်တွင် ခေါင်းအုံးအိပ်နေလေသည်။

" ငါ့မြေးအငယ်လေးက ဘာပြောချင်လို့လဲ ဘာပူဆာချင်လို့လဲ"

" ဘွားဘွား ဩဂတ်စ်သူငယ်ချင်းအတွက်ပါ ထမင်းဘူးယူသွားချင်လို့ပါ နေ့တိုင်းလေ ဘွားဘွားလုပ်ပေးပါလား ဘွားဘွားအပန်းမကြီးပါဘူးနော်"

" ဘာလို့လုပ်ခိုင်းတာလဲ မြေးငယ်လေးက"

" သူက အိမ်ထမင်းမစားရတာကြာပြီတဲ့ သူ့ဖို့ပါ နော်နော် ဘွားဘွား နော်"

" လုပ်ပေးမှာပါ ငါ့မြေးငယ်လေးက စိတ်ကောင်းရှိသားပဲ"

" ဘွားဘွားနဲ့တူလို့ပါ"

အချစ်ဦးWhere stories live. Discover now