Part-5

157 11 0
                                    

"မြူနှင်းလွင်ကို ဘယ်လိုသိတာလဲ"

" ဘယ်လိုသိတာလဲထက် မင်းကိုမေးမှာ ဩဂတ်စ်မိုး ဘာလို့မမှတ်မိတာလဲ"

" မမှတ်မိတာလဲပြောရအောင် မင်းကမြူနှင်းလွင်လား"

" အေးလေ"

" လျှောက်မပြောစမ်းနဲ့ Josephine လွင်က နူးနူးညံ့ညံ့နေတတ်တဲ့လူ မင်းလို ရမ်းကားနေတာမဟုတ်ဘူး"

" သေချာတာတစ်ခုပြောမယ် မင်းငါ့ကို အရုပ်လေးပေးခဲ့တယ် ပြီးတော့ ငါ့အတွက်ထမင်းဘူးအမြဲယူပေးခဲ့တဲ့လူ ပြီးတော့ ငါ့ခန္ဓာကိုယ်ကိုထိဖူးတာ မင်းပဲရှိတာလေ"

နောက်ဆုံးစကားကိုကြားတော့ ဩဂတ်စ် မျက်နှာရဲသွားသည်။

" ဒါဆို တကယ်လွင်ပေါ့ မင်းက"

" ဟုတ်တယ်"

" ဘာလို့နာမည်ပြောင်းလိုက်တာလဲ"

" နာမည်ပြောင်းတာတော့မဟုတ်ပါဘူး ဒီတိုင်း ငါ့ရဲ့ တခြားနာမည်တစ်ခုကိုခေါ်ရင်း အဲဒါကိုအစွဲဖြစ်သွားတာ"

" မှတ်ပုံတင်ပြ"

ဩဂတ်စ်က လက်ဖြန့်ကာ တောင်းနေလေသည်။

" အဲ....အခုမပါဘူးလေ နေဦး စာကြည့်တိုက်ကတ်ပါတယ် ကြည့်ကြည့်"

Josephineက စာကြည့်တိုက်ကတ်ကိုထုတ်ကာ ဩဂတ်စ်ကိုပေးလိုက်သည်။

" အမည်- မြူနှင်းလွင် ၊ အဖ-ဦးငွေလွင် တကယ်ကြီး မြူနှင်းလွင်ပဲ"

" ဟုတ်တယ်လေ တကယ်ကြီး မင်းရည်းစား မြူနှင်းလွင်"

" ငါ့ရည်းစားမဟုတ်ပါဘူး"

" မဟုတ်ရင် ငါသော့ချိတ်လေးယူကြည့်တော့ ဘာလို့ပြောလဲ အဲဒီလိုကြီး"

" ဒါက ဒီတိုင်းပြောတာ ကာကွယ်တဲ့အနေနဲ့"

" မင်းအတွက် အဲ့နာမည်လေးက အကာအကွယ်ပေါ့နော်"

" ဘာတွေလာပြောနေတာလဲ"

" ဒီတိုင်းမေးတာလေ"

" ဒါနဲ့ လွင် Josephineလို့မခေါ်တော့ဘူး လွင်လို့ပြန်ခေါ်မယ်နော်"

" သဘော သဘော မိုး စိတ်ကြိုက်ခေါ်"

" အွန်း ဘာလို့ ဒီလိုမျိုးရမ်းကားနေတဲ့ ပုံဖြစ်နေရတာလဲ ငယ်ငယ်ကနဲ့တစ်စက်မှမတူဘူး"

အချစ်ဦးWhere stories live. Discover now